ကိုကိုးကျွန်းပေါ်နေ ပြည်သူများသို့ မနက်ဖြန် ညနေ ၅ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဖုန်းမှ တစ်ဆင့် တိုက်ရိုက် မိန့်ခွန်းပြောမည်


 ကိုကိုကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ အကြောက်တရားကင်းစွာဖြင့် မဲဆန္ဒပြုနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်က နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် အသံဖြင့် တိုက်ရိုက်ဟောပြောမည်ဖြစ်ကြောင်း ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက နိုဝင်ဘာ၂ ရက်တွင် The Ladies သို့ပြောသည်။

“အန်တီက လူကိုယ်တိုင် မလာနိုင်တဲ့အတွက် ဖုန်းနဲ့တိုက်ရိုက်ပြောမှာပါ လူကိုယ်တိုင်ဟောပြောတဲ့ဟောပြောပွဲတွေမှာလိုပဲ အန်တီပြောမှာပါ ပြီးရင် လာနားထောင်တဲ့သူတွေထဲက မေးခွန်းတွေမေးမြန်းချင်လဲမေးမြန်းလို့ရပါတယ်၊ လူကိုယ်တိုင် လုပ်တဲ့ဟောပြောပွဲတွေလိုပဲ မေးခွန်း မေးမြန်းလို့ ရမှာပါ” ဟု ဦးဝင်းမင်းက The Ladies သို့ပြောသည်။

အဆိုပါအသံဖြင့် တိုက်ရိုက်ဟောပြောခြင်းကို ကိုကိုးကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ကိုကိုကျွန်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၅၇၁ ဦးရှိပြီး ရပ်ကွပ်နှစ်ခုသာ ရှိကြောင်း၊ ကိုကိုးကျွန်းသည် ဧက ၃၀၀၀ ခန့် ကျယ်ဝန်းပြီး မြို့မြေက ဧက ၅၀၀ ရှိ၍ တပ်ပိုင်မြေ ဧက ၂၅၀၀ ကျော်ရှိကြောင်း ၊ တားမြစ်နယ်မြေများ တွင် မဲဆွယ်စည်းရုံးခွင့်ရရှိရန်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ စာတင် ခဲ့သော်လဲ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ်ထားခြင်းဖြစ် သည် ဟု အကြောင်းပြန်ခဲ့ကြောင်း လည်း ၎င်းကဆိုသည်။

ကိုကိုးကျွန်းမြို့နယ် တွင်မြို့ပေါ် အိမ်ခြေ ၁၃ဝ ခန့်ရှိပြီး မဲပေးနိုင်သူဦးရေ ၃၀၀ခန့်သာရှိကြောင်း ကန့်သတ်နယ်မြေများတွင် မဲပေးနိုင်သူ ဦးရေ တစ်ထောင်ကျော်ရှိကြောင်းသိရသည်။

ကိုကိုကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မကြာသေးခင် လပိုင်းကမှ တပ်မတော်မှ အငြိမ်းစားယူပြီး ရွေးကောက်ပွဲ ၀င်သော ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးသူရသက်ဆွေနှင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီး (ငြိမ်း) ဦးတင်ဝင်း တို့က ၀င်ရောက် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment