ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ပြုပြင်၍ လူမှုကွန်ရက်တင်ခဲ့သူ အာမခံဖြင့် ပြန်လည်လွတ်မြောက်


ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား Photoshop ဖြင့် ညစ်ညမ်းသည့် ပုံအဖြစ်
ပြုပြင်ပြီး Facebook တွင် ဖြန့်ဝေခဲ့မှုဖြင့် တရားစွဲဆိုခံထားရသည့် ဧရာဝတီတိုင်း
ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်း အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း
သိရှိရသည်။

ဦးသန်းထွန်းသည် တရားရုံးချုပ်ရက် ရမန်ပြည့်ပြီး ဆက်လက် အရေးယူရန်
ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က မှတ်ချက် မပေးသေးသဖြင့် ကန်ကြီးထောင့်
မြို့မ ရဲစခန်းက နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက အာမခံဖြင့် ပြန်လွှတ်
ပေးလိုက်ခြင်း ဖြစ်သည်။

“ဦးသန်းထွန်းကို နိုဝင်ဘာ ၂ ရက် မနက်မှာ အာမခံနဲ့ ပြန်လွှတ်တယ်။ ရမန်ယူ
ထားပြီး ရဲလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ရမန် မှန်ကန်တဲ့နေ့အထိ တရားစွဲတင်နိုင်တဲ့
တပ်ဖွဲ့အတွင်း အဆင့်ဆင့် တင်ပြတဲ့အမှုတွဲ မှတ်ချက် ပြန်မရောက်သေးလို့ပါ” ဟု
ကန်ကြီးထောင့်မြို့မရဲစခန်းမှူး ဒုရဲမှူးရဲလွင်က ပြောသည်။

ဦးသန်းထွန်းအား ကျင့်ထုံးဥပဒေပုဒ်မ-၁၇၀(၁)အရ လုံလောက်သည့် ခံဝန်ပေးနိုင်
သည့် အာမခံနှစ်ဦး၏ အာမခံဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ပြီး အထက်အဆင့်ဆင့်မှ
မှတ်ချက် ပြန်ကျလာပါက ဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်
အတွင်းရေးမှူး ဦးသန်းထွန်းသည် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၂
မိနစ်ခန့်က ၎င်းသုံးစွဲနေသည့် Thu Thu အမည်ရှိ Facebook အကောင့်တွင်
အဆိုပါ ဓာတ်ပုံများအား တင်ထားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်ကလည်း ၀န်ခံခဲ့သည့်
အတွက် ကန်ကြီးထောင့် ရဲစခန်းတွင် မြို့ခံလူငယ်များက အမှုဖွင့်ခဲ့ရာမှ အောက်တို
ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကန်ကြီးထောင့်ရဲစခန်းမှ သိရသည်။

ထို့သို့ ဖမ်းဆီးပြီးနောက် တရားရုံးတွင် ချုပ်ရက် ရမန်ယူခဲ့သော်လည်း ဦးသန်းထွန်း
ကို ၀မ်းဗိုက်ဝေဒနာကြောင့် ရဲအချုပ်တွင် မထားဘဲ ရဲအစောင့်ဖြင့် ကန်ကြီးထောင့်
ဆေးရုံ နှင့် ပုသိမ်ဆေးရုံတို့တွင် အလှည့်ကျ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်
တင်ပြခဲ့သော်လည်း မှတ်ချက် တစ်စုံတစ်ရာ မပေးသဖြင့် ယခုကဲ့သို့ ပြန်လွှတ်
ပေးခဲ့ခြင်းဖြစ်ကြောင်း ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ သိရသည်။

“ချောစန္ဒီထွန်း အမှုကျတော့ ချက်ချင်းဖမ်းပြီး ဆက်သွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်က
ချက်ချင်းကျ၊ ချက်ချင်းချုပ်ရမန်ယူ ထောင်ထဲပို့ပစ်ပြီး အခုအမှုကျတော့
ဒီလိုလွှတ်ပေးတာတော့ ဘက်လိုက်ပြီး လုပ်ချင်ရာလုပ်နေတာလို့ မြင်ပါတယ်” ဟု
အမှုဖွင့်တိုင်ကြားခဲ့သူ ကန်ကြီးထောင့်မြို့ Hand To Hand အခမဲ့ပညာဒါနကွန်ရက်
အတွင်းရေးမှူး ကိုစည်သူအောင်က ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရ
အရာရှိများကို လှောင်ပြောင်၊ ဆဲဆိုသော ပုံများကို Facebook ပေါ်တွင် တင်ခြင်း၊
ဝေမျှခြင်းများ ပြုလုပ်သည်ဟုဆိုကာ မအူပင်မြို့မှ အမျိုးသမီးတစ်ဦးနှင့် ရန်ကုန်မြို့မှ
အမျိုးသားနှစ်ဦးတို့အား အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့်
ဖမ်းဆီး တရားစွဲဆိုထားပြီး ထိုသူများကို ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက
မြန်မာအစိုးရထံ တောင်းဆိုထားသော်လည်း ပြန်လည်လွှတ်ပေးခြင်း မရှိသေး
ကြောင်း မီဒီယာပါ သတင်းဖော်ပြချက်များအရ သိရှိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment