အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် ကလေး ၁၂၀၀ ကျော် ကျောင်း မတက်ရ


နိုဝင်ဘာ ၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းအစိုးရတပ်မတော်မှ သျှမ်းပြည် တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မူလတန်းနှင့် အလယ်တန်းကျောင်းသူ ကျောင်းသား ၁၂၀၀ ကျော် ကျောင်းမတက်ရဘဲ စစ်ဘေးရှောင်နေရသည် ဟု ဒေသခံ ပညာရေးဝန်ထမ်းတဦး က ပြောသည်။

လွယ်လင်ခရိုင် ကျေးသီး၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းစံ ဒေသအတွင်းရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံ၊ မိုင်းရှူးမြို့နယ်အတွင်း အစိုးရစာသင်ကျောင်း ၁၄ ကျောင်း မဖွင့်နိုင်သည့် အတွက် ကျောင်းသူကျောင်းသား ၁၂၄၆ ဦး ပညာသင် ယူခွင့်မဲ့နေသည် ဟု ဆရာမ တဦးက ဤကဲ့သို့ပြောသည်။

“မိုင်းရှူးမြို့နယ်မှာ မူလတန်း၊ အလယ်တန်းအဆင့်က ၁၀ ကျောင်း၊ ကျေးသီး မှာက ၂ ကျောင်း၊ မိုင်းနောင်မှာက ၂ ကျောင်း ကျောင်းပိတ်ထားရတယ်။ လာတက်မယ့်လူလည်း စစ်ဘေးရှောင်ကုန်ပြီလေ။ လက်နက်ကြီး ဒဏ် ကြောက် ကြ လို့ ” - ဟု ဆရာမ နန်းလျဲန်း ကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဗဟိုရုံးအရာရှိ က “အခု လက်နက်ကြီး ရမ်းပစ်တဲ့တပ်က လွယ်ကျူမောက်ခေါဝ် နဲ့ လွယ်နမ့်မွန်းမှာ လာထိုင်တဲ့ အစိုးရတပ်လေ။ အခုလိုမျိုးလားရာမဲ့ ရမ်းပစ်နေလို့ရှိရင် ကျနော် တို့ အဲဒီတပ်ကို မရမက တက်တိုက် မယ် လို့ တပ်မတော်နဲ့ အစိုးရကို အကြောင်းကြားထားပြီးပြီ” - ဟု ပြောသည်။

သျှမ်းပြည်တပ်မတော်အား အောက်တိုဘာ ၆ ရက်နေ့ မှ ယနေ့အထိ မြန်မာ့ တပ်မတော် မှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၆၀၀၀ ကျော် (ရွာပေါင်း ၅၀ ကျော် ) နေ ရပ် မှ စွန့်ခွါကာ စစ်ဘေးရှောင်နေရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment