
တရုတ်နိုင်ငံတွင် မိခင်ဖြစ်သူက မွေးစားသားဖြစ်သူကို ကြိုးဖြင့် ရိုက်နှက်ခဲ့သောကြောင့် ထောင်ခြောက်လ ချမှတ်ခံရကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။ အသက် (၄၈) နှစ်ရှိပြီ ဖြစ်သော လီသည် မွေးစားသားဖြစ်သူကို ပြီးခဲ့သည့် သုံးနှစ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး၊ ယခုတစ်ပတ်တွင် တရားရင်ဆိုင်ပြီး ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ လီသည် မွေးစားသားဖြစ်သူကို သားအရင်းကဲ့သို့ ချစ်ခဲ့သူဖြစ်သည်။ အသက်ကိုးနှစ် အရွယ်ရှိ ကျာအိုပာူသည် ကျောင်းတွင် ရမှတ်မကောင်းခြင်း၊ အပြုအမူဆိုးများ ရှိနေခြင်းတို့ကြောင့် လီက ဆုံးမခဲ့ခြင်း ဖြစ်သည်။ သို့သော် လီသည် ရိုက်နှက် ဆုံးမခဲ့သောကြောင့် မထင်မှတ်မှုများ ဖြစ်လာပြီး နောက်ဆုံး ထောင်ကျသွားခဲ့ခြင်း ဖြစ်သည်။
လီသည် ကျာအိုဟူကို ကြိုးဖြင့် ရိုက်နှက်ခဲ့ရာ ဒဏ်ရာပေါင်း(၁၅၀) ကျော် ရရှိခဲ့သည်။ ယင်းကို ကျောင်းရှိ ဆရာများက သိရှိသွားခြင်း ဖြစ်သည်။ ယင်းနောက် ဆရာများက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ရာ ယင်းဖြစ်ရပ်ကို တရုတ်တစ်နိုင်ငံလုံး သိရှိသွားခဲ့သည်။ လီသည် တရားရုံသို့ တရားရင်ဆိုင်ရန် ရောက်လာစဉ် စိတ်ဓာတ်ပိုင်းရေးရာ ထိခိုက်မှုများရှိကြောင်း သိရသည်။ တရားသူကြီး၏ မေးမြန်းချက်များကို ဖြေကြားရာတွင် အော်ဟစ်ပြီး ပြန်လည် ဖြေကြားခဲ့သည်။ လီသည် နန်ကျင်းမြို့တွင် နေထိုင်သူဖြစ်ပြီး ဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သည်။ မွေးစားသားကို ကောင်းစေချင်သောကြောင့် ဆုံးမရာမှာ နည်းလမ်း မမှန်ကန်ခဲ့သောကြောင့် တရားဥပဒေက ပြစ်ဒဏ် ခတ်လိုက်ခြင်း ဖြစ်သည်။
လီက မိမိ၏သားကို နှိပ်စက်ခဲ့ခြင်း မပာုတ်ကြောင်း၊ မိမိသည် သားဖြစ်သူကို အလွန်ချစ်ကြောင်း တရားရုံးတွင် အော်ဟစ် ပြောဆိုခဲ့သည်။ လီသည် ၂၀၁၄ ဇွန်တွင် သားဖြစ်သူကို စတင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ(၂၈) တွင် စတင်စစ်ဆေးပြီး ချက်ချင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။ လီ၏ရှေ့နေများက ပြင်းထန်စွာ ရိုက်နှက်ခြင်း မဟုတ်ကြောင်း၊ ယင်းသို့ ပြုလုပ်ပါက ကျောင်းသို့ သွားနိုင်မည် မဟုတ်ကြောင်း ချေပခဲ့သော်လည်း တရားရုံးက လက်ခံခြင်း မရှိဘဲ ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
လီသည် ညီမ၀မ်းကွဲ၏ သားဖြစ်သူကို မွေးစားထာခြင်း ဖြစ်သည်။ ရိုက်နှက်ခံခဲ့ရသော မွေးစားသားဖြစ်သူ ကျာအိုဟူကလည်း လီကို စိတ်ဆိုးခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ကျာအိုဟူ၏ မိခင်အရင်းသည် လီထံတွင် နေထိုင်ပါက ဘ၀ပိုမို ကောင်းမွန်ဟု ယူဆထားသောကြောင့် မွေးစားခိုင်းခဲ့ခြင်း ဖြစ်သည်။ လီ၏ ခင်ပွန်းဖြစ်သူမှာလည်း ရှေ့နေတစ်ဦးဖြစ်ပြီး ချမှတ်ထားသော ပြစ်ဒဏ်ကို အယူခံ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ကျာအိုဟူကလည်း ပုံမှန်အခြေအနေ ပြန်ရောက်ပါက မွေးစားမိခင်လီနှင့်အတူ ပြန်လည် နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
messenger news journal
0 comments:
Post a Comment