
ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာ မဲဆန္ဒရှင်တွေဆီကနေ သင်ယူသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အစိုးရအဖွဲ့ကို ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံက ရွေးကောက်ပွဲကျင်းပရင် မဲဆန္ဒရှင် ၄၀ ရာခိုင်နှုန်းလောက်ပဲ မဲပေးကြတာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မြန်မာက မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့တာကို ရည်ညွှန်းပြောဆိုလိုက်တာလို့ ထိုင်းနေရှင်းသတင်းက ရေးပါတယ်။
ထိုင်းအများစုက တာဝန်ကို လျစ်လျူရှုသလို နိုင်ငံရဲ့ ကံကြမ္မာကို ၄၀ ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်တာဟာ မမျှတဘူးလို့ လည်းပရာယွတ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသား အများစုဟာ မဲပေးဖို့အတွက် မနက်မိုးလင်းကတည်းက ညနေ မဲရုံပိတ်တဲ့အထိ တန်းစီစောင့်ဆိုင်း မဲပေးခဲ့ကြပါတယ်။
DVB Burmese
0 comments:
Post a Comment