ကျောက်ဖြူဂေါက်ကွင်း USDP ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရာသို့ မသွား မနေရ သွားရမည်ဟု ရာအိမ်မှူး ၊ ဥက္ကဋ္ဌတို့က ပြောကြောင်း ဒေသခံတစ်ဦးက ဆို


 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဂေါက်ကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ(USDP) က စင်တင် ဂီတဖျော်ဖြေပွဲနှင့် မဲဆွယ်စည်းရုံးပွဲ ကျင်းပရာ
ဖိတ်ကြားထားသူ နှစ်ထောင်ကျော် တက်ရောက်ကြောင်း သိရှိရသည်။

“ကိုယ့်ပြည်ကိုယ်မြို့က ဒေသဖွံဖြိုးရေးလုပ်ငန်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ပြီး
ဝန်ကြီးချုပ် အဆင့်လောက် တက်နိုင်တဲ့ ပုဂ္ဂိုလ်များကို မဲပေးဖို့ လိုပါတယ်” ဟု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဗိုလ်မှူးကြီးဟောင်း ဦးထွေးလှက
အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါပွဲကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲအပြီးတွင်
ကျောက်ဖြူမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီး(ငြိမ်း)
ဦးထွေးလှနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးကြီး(ငြိမ်း) ဦးမောင်မောင်အုန်း
တို့က မဲဆွယ်ခဲ့ကြောင်း သိရသည်။

“လူတစ်ဦးကို ငွေငါးထောင်ကျပ်၊ ပါတီတံဆိပ် အင်္ကျီတစ်ထည်နဲ့ ထမင်းတစ်နပ်
ကျွေးမယ်လို့ဆိုတယ်။ အလုပ်ရှိရင်လည်း မသွားမနေရ သွားရမယ်လို့ ရွာက
ပါတီဝင်တွေနဲ့ ရာအိမ်မှူး၊ ဥက္ကဋ္ဌတွေက ပြောတယ်။ ဒါကြောင့် လာရတာပါ”ဟု
ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှ ဦးဖေသန်းက ပြောသည်။

ကျောက်ဖြူခရိုင်တွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၂၉၆,၄၀၃ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ
ကော်မရှင်ထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment