အားလပ်ရက်အပန်းဖြေလိုသူတွေ၊ လူနေမှုဘဝနဲ့ ခဏလောက် ဝေးကွာပြီး ဆာဖာရီကို သွားချင်တဲ့ လန်ဒန်မြို့သားတွေအတွက် အကောင်းဆုံးနေရာလေးပါပဲ။
လန်ဒန်မြို့ Southbank မှာရှိတဲ့ တောင်အာဖရိကစတိုင် သစ်ပင်အိမ်လေးကို Virgin Holidays က ဖန်တီးထားတာဖြစ်ပါတယ်။
အဲဒီအိမ်လေးမှာ လသာဆောင်လေးပါဝင်ပြီး အဲဒီကနေ သိန်းမြစ်ကို လှမ်းပြီး မြင်နိုင်ပါတယ်။
အဲဒီအိမ်လေးကို တပ်ဆင်ပြီးစီးဖို့ တစ်ပတ်ကြာချိန်ယူခဲ့ရပြီး အခုတော့ လန်ဒန်ကို လာရောက်လည်ပတ်သူတွေအတွက် ညဘက်တည်းခိုနိုင်ပါပြီ။
ဒါ့အပြင် နာမည်ကြီး စားဖိုမှူး Petrus Madutela ချက်တြ့ တီကောင် အကြွပ်ကြော်၊ မိကျောင်းသားနဲ့ ငှက်ကုလားအုတ်သား အပါအဝင် တာင်အာဖရိက ဟင်းလျာ ၆ မျိုးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
Credit - Duwun

0 comments:
Post a Comment