ဇစ်ပျက်သွားလို့ မဝတ်ဘဲ ပစ်ထားရင် နှမျောဖို့ကောင်းပါတယ်။
အရမ်းကြိုက်တဲ့ ဂျင်းဘောင်းဘီလေး ဇစ်ပျက်သွားလို့ မဝတ်ဘဲ ပစ်ထားရတာ စိတ်မကောင်းစရာပါ။ တစ်ခါတစ်လေ အပြင်သွားခါနီးမှ ဘောင်းဘီဇစ်က သုံးမရဘူးဆိုရင်လည်း ဒီနည်းလမ်းလေးက အသုံးတည့်ပါလိမ့်မယ်။ ဘောင်းဘီဇစ် မကောင်းတာနဲ့ အဲ့ဒီဘောင်းဘီကို ကျောခိုင်းထားစရာမလိုပါဘူး။ အရမ်းကို လွယ်ကူတဲ့ နည်းလမ်းတစ်ခု ပြောပြပါ့မယ်။

ဇစ်ကြောင့် ဝတ်မရတဲ့ ဘောင်းဘီကို ဝတ်ဆင်နိုင်ဖို့အတွက် သော့ချိတ်မှာသုံးတဲ့ ကွင်းလေးတစ်ခုပဲ လိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း ပြုလုပ်ရမှာပါ။ သော့ချိတ်ရဲ့ ကွင်းလေးကို ဇစ်ထိပ်က အပေါက်လေးမှာ တပ်ပြီး ဇစ်ကို ဆွဲတင်ပါ။ အဆုံးထိ ဆွဲတင်ပြီးရင် ဘောင်းဘီကြယ်သီးမှာ ချိတ်လိုက်ရုံပါပဲ။ သပ်သပ်ရပ်ရပ် ဖြစ်စေဖို့အတွက်တော့ ကြယ်သီးမှာ ကွင်းကို တပ်ပြီးမှ ဘောင်းဘီကြယ်သီးကို ပြန်တပ်ပါ။

ဒါဆိုရင်တော့ ဇစ်ကလည်း ပြုတ်ထွက်သွားတော့မှာမဟုတ်ဘဲ အလွယ်ကူဆုံးနဲ့ စိတ်အချရဆုံးနည်းနဲ့ သင့်အကြိုက် ဘောင်းဘီလေးကို စိတ်ချလက်ချဝတ်ပြီး အပြင်သွားလို့ရပြီပေါ့။

Credit - Duwun
0 comments:
Post a Comment