သင်ဟာ တစ်နေရာရာ သွားဖို့ နှုတ်ခမ်းနီ လိုအပ်လာတဲ့အခါမှာ အလှကုန်ပစ္စည်းဆိုင်မှာ သွားဝယ်ဖို့အတွက် ရွေးချယ်စရာ နည်းလမ်း ၂ ခုရှိပါလိမ့်မယ်။ တစ်ခုကတော့ လိုချင်တဲ့အရောင်ကို မှတ်ထားဖို့ပါ။ နောက်တစ်မျိုးကတော့ ဖုန်းနဲ့ ဓါတ်ပုံရိုက် မှတ်ထားဖို့ပါ။ ဒါပေမယ့် ဒါတွေကို ဖြေရှင်းဖို့ နောက်ထပ် နည်းလမ်း တစ်ခုရှိလာခဲ့ပါပြီ။ အဲဒါကတော့ Flawless Makeup လို့ခေါ်တဲ့ iPhone အက်ပလီကေးရှင်းတစ်ခုပဲဖြစ်ပါတယ်။ဒီ App ကိုတော့ iTunes ရဲ့  App စတိုးမှာ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။
Cosmopolitan သတင်းဌာနကဖော်ပြထားတာကတော့ အက်ပလီကေးရှင်း ဖန်တီးရေးဆွဲသူတစ်ယောက်ဖြစ်တဲ့ Chris Merkle ဟာ အကြိုက်ဆုံး နှုတ်ခမ်းနီရောင်ရှာမရတဲ့ သူ့ကောင်မလေးကို ကြည့်ပြီး Flawless အက်ပလီကေးရှင်းကို ရေးဆွဲဖို့ အိုင်ဒီယာ ရခဲ့ပါတယ်။ ဒီအက်ပလီကေးရှင်းရဲ့ အလုပ်လုပ်ပုံကတော့ ကိုယ်လိုချင်တဲ့ နှုတ်ခမ်းနီရောင်ရဲ့ နမူနာကို ဓါတ်ပုံရိုက်ပေးဖို့လိုပါတယ်။ နံရံတစ်ခုဖြစ်ဖြစ် ၊ ကားတစ်စီးဖြစ်ဖြစ် ဘာကိုမဆို ရိုက်လို့ရပါတယ်။ အဲဒီအခါမှာတော့ Flawless အက်ပလီကေးရှင်းဟာ အရောင်ကို ခွဲခြမ်းစိတ်ဖြာ ဖော်ထုတ်ပေးမှာဖြစ်ပြီး အနီးစပ်ဆုံး အရောင်အသွေးကို ဖော်ပြပေးမှာပါ။ အဲဒီအရောင်တွေကို အက်ပလီကေးရှင်းထဲမှာပဲ စာရင်းသွင်းပြီးလည်း ၀ယ်ယူလို့ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံး လုပ်ဆောင်ချက်ကတော့ မြန်မာနိုင်ငံမှာ အသုံးမ၀င်နိုင်သေးပါဘူး။ အနည်းဆုံးတော့ နှုတ်ခမ်းနီအရောင် တစ်ခုကို ဖန်တီးဖို့ ဖြစ်ဖြစ် ၊ အသစ်အဆန်းအနေနဲ့ ရှာဖွေကြည့်ဖို့ဖြစ်ဖြစ် အသုံးဝင်နိုင်ပါသေးတယ်။နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ဒီ အက်ပလီကေးရှင်းကို ရေးဆွဲဖန်တီးသူကပဲ နောက်ထပ် မိတ်ကပ်နဲ့ ဆိုင်တဲ့ ကဏ္ဍ အမျိုးမျိုးမှာ အသုံးဝင်မယ့် အက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲနေပြီး အဲဒီ အက်ပလီကေးရှင်းကိုတော့ Android ဗားရှင်းနဲ့ ထုတ်လုပ်မှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။Ref:sheknows
Mario
Source:trend.com.mm
Mario
Source:trend.com.mm
0 comments:
Post a Comment