လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းများပျက်စီးမှု အမြန်ဆုံးပြီးစီးနိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဧပြီ ၂၁ ရက်မှ ၂၂ ရက်ထိ မိုးသီးများကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် အုန်းတော-ညောင်ပင်ကြီး ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် အမှတ်(၁၂၈)၊ ရဲရွာ-ဘဲလင်း ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါ တိုင်အမှတ် (၇၉)၊ ကလော-ပင်းပက် ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၈၃)နှင့် စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ မုံရွာ၊ ဒီပဲယင်း၊ ရေဦး၊ ဇီးကုန်း၊ ခင်ဦး၊ ပြင်ဦးလွင်၊ မဘိမ်း၊ မိုးမိတ်မြို့များရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းများမှ ဓာတ်တိုင် ၈၂ တိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်းများမှ ဓာတ်တိုင် ၁၁၆ တိုင်၊ ၄ဝဝ ဗို့ ဓာတ် အားလိုင်းများမှ ဓာတ်တိုင် ၂၆ တိုင် နှင့် မြို့များရှိ ထရန်စဖော်မာအချို့ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အုန်းတော- ညောင်ပင်ကြီး ဓာတ်အားလိုင်းမှ ဓာတ်အားပြတ်တောက်သွားသော ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး၊ မုံရွာနှင့် ချောင်းကူးဒေသများအတွက် ချောက်-ကျွန်းချောင်း-ညောင်ပင်ကြီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရဲရွာ-ဘဲလင်း ၂၃ဝ ကေဗွီ မဟာဓာတ် အားလိုင်းမှ ဓာတ်အားပြတ်တောက် သွားသော ကျောက်ဆည်ဒေသ အတွက် ရဲရွာ-သပြေဝ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ လည်းကောင်း ဓာတ်အားအစားထိုးပို့လွှတ်ထားပြီး ဖြစ်သည်။

ပျက်စီးသွားသော မဟာဓာတ်အား လိုင်းများအား လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အုန်းတော/နမ့်စန်/ ချောက် မဟာဓာတ်အားလိုင်းများမှ ဝန်ထမ်း ၁ဝဝ ခန့်ဖြင့်လည်းကောင်း၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း များ၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်းများနှင့် မြို့များရှိ ထရန်စဖော်မာများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ ကြီးကြပ်မှုဖြင့်လည်းကောင်း ဓာတ်အား အမြန်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

မဟာဓာတ်အားလိုင်းများအား ကွန်ရက်စနစ်ဖြင့် တည်ဆောက်ထား ခြင်းကြောင့် တစ်ဖက်မှ ဓာတ်အား ပြတ်တောက်သွားပါက အခြား တစ်ဖက်မှ ဓာတ်အားပြန်လည်ပို့လွှတ် ခြင်းဖြင့် အများပြည်သူဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်ခြင်းမရှိ အောင် ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment