ဂျပန် နည်းပညာတွေဟာ စမတ်ဖုန်းလောကမှာ ထင်သလောက် မအောင်မြင်ခဲ့ကြပါဘူး။ အခုအခါမှာတော့ ဂျပန်နည်းပညာတွေဟာ နယ်ပယ်အသစ်တစ်ခုကို ချဉ်းကပ်လာပါတယ်။ အဲဒါကတော့ ဖုန်းအဖြစ် အသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။
Panasonic က ထုတ်လုပ်လိုက်တဲ့ Lumix CM1 ဟာ f2.8.28mm ရှိတဲ့ lens နဲ့အတူ 20-megepixel ကြည်လင်ပြတ်သားတဲ့ sensor စနစ်လည်း ပါဝင်ပါတယ်။ ဒီလိုပေါင်းစပ်ထုတ်လုပ်မှု(Hybrid) တွေဟာ Panasonic က စတင်တာတော့ မဟုတ်ပါဘူး။ အရင်ကလည်း Samsung က Galaxy Camera ဆိုတဲ့ Hybrid တစ်မျိုးကို ထုတ်လုပ်ဖူးပါတယ်။
Android ဖုန်းအဖြစ်လည်း သုံးနိုင်တဲ့ မျက်နှာပြင်က ၄.၇ လက်မ ကျယ်ဝန်းပြီး 1,920x1,080 ကြည်လင်ပြတ်မှု ရှိပါတယ်။ ကင်မရာကလည်း 4K ရုပ်ထွက်ရှိတဲ့ ဗီဒီယိုတွေ အထိ ရိုက်ကူးနိုင်ပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ် ကင်မရာတွေထဲမှာ အဆင့်မြင့်တယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းကတော့ Android စနစ် 4.4 KitKat ကို သုံးထားပါတယ်။အတွင်းသိုလှောင်ပမာဏက 16GB ရှိပါတယ်။ 2.3GHz Qualcomm Quad-Core processor ကိုသုံးထားပါတယ်။ ၂၀၄ ဂရမ် အလေးချိန်ရှိပြီး အလျားxအနံ ကတော့ 135.4x68mm ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၇၀ လို့သိရပါတယ်။
Ref:cnet.com
Mario
Source: Trend.com.mm
0 comments:
Post a Comment