Apple က iOS 8 ကို ထပ်မံထုတ်လုပ်


Apple က iOS 8 ကို ထပ်မံထုတ်လုပ်လိုက်ပါပြီ။ Apple ဟာ သူတို့ရဲ့ iPhone နဲ့ iPad အသုံးပြုသူ အားလုံးအတွက် မိုဘိုင်းလ်  Operating System အသစ်ကို ထုတ်လုပ်လိုက် ပြီဖြစ်ကြောင်းကို ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
ပါဝင်လာတဲ့ အင်္ဂါရပ်အသစ်တွေကတော့ third-party ကီးဘုတ်တွေ၊ third-party apps တွေအတွက် Touch ID စနစ်၊ နဲ့ appတွေနဲ့ ပတ်သက်ပြီး ပိုမိုလျင်မြန်တဲ့ အသိပေးမှုတွေ အတွက် မျက်နှာပြင်ပြသမှု အသစ်တွေ ပါဝင်လာပါတယ်။
Apple ရဲ့ CEO Tim Cook ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ က Apple ရဲ့ မြေပုံ တွေနဲ့ ပတ်သက်ပြီး iOS ရဲ့ ခေါင်းဆောင် Scott Forstall ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီဇိုင်နာ ခေါင်းဆောင် Jony Ive က သူ့ရဲ့နေရာကိုဝင်ရောက်ပြီး iOS တွေကို ဖန်တီးခဲ့ပါတယ်။ iOS 7 ကိုလည်း Jony Ive က ဒီဇိုင်းပြန်လုပ်ခဲ့တာဖြစ်ပြီး iOS 8 ကတော့ Ive ရဲ့ ဒုတိယမြောက် ဖန်တီးမှု ဖြစ်ပါတယ်။
iOS 8 မှာတော့ ထပ်မံပေါင်းထည့်လိုက်တာက Handoff စနစ်ပါ။ အဲဒီကနေ ပရိုဂရမ်တစ်ခုကို စတင်လို့ရပါတယ်။ Apple ရဲ့ Messages App တစ်ခုဖြစ်တဲ့ Quick Type လည်း ပါဝင်လာပြီး အဲဒါက အလိုလျောက်-ပြင်ဆင်ပေးတဲ့ စာရိုက်စနစ်လည်း ပါဝင်ပါတယ်။ နောက်ပြီး HealthKit နဲ့ HomeKit ဆိုတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ထောက်ပံ့တဲ့ apps တွေလည်း ပါဝင်လာပါတယ်။
iPhone 4 နဲ့ အရှေ့ပိုင်း iPhone တွေ၊ iPod Touch Fourth Generation နဲ့ အရှေ့ပိုင်း iPod တွေ နဲ့ Original iPad တို့ကလွဲပြီးကျန် Apple ထုတ်ကုန်များတွင် iOS 8 အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Ref:cnet.com
Mario
Source: Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment