အမြင့်ကြောက်တဲ့ ၀ိုင်းစုခိုင်သိန်း

အမြင့်ကြောက်သူတစ် ဦးဖြစ်သောကြောင့် ‘‘သိသလို၊ မသိသလိုနဲ့ ’’ သီချင်းတွင်ပါဝင်မည့် အခန်းအချို့ကို ကြောက်ကြောက်ဖြင့် ရိုက်ကူးခဲ့ရကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။ ‘‘တစ်ဖက်ကို မသွားရဲဘူး။ သူတို့တက်တဲ့အချိန်ကတည်းက အသည်းတွေ ယားနေတာ။ အမြင့် အရမ်းကြောက်တာဆို တော့ အဲဒီထောင့်နားလေးသွားဖို့ ကို တော်တော်အော်ဟစ်ပြီး ရောက်သွားတယ်’’ဟု စက်တင် ဘာ ၁၉ ရက်က ရိုက်ကူးခဲ့သော ရိုက်ကွင်းအကြောင်းကို ပြောပြ သည်။ ယင်းသီချင်းကို ဒါရိုက်တာ အနေဖြင့် နေမင်းက ရိုက်ကူးပေး ခြင်းဖြစ်ပြီး မင်းသားတစ်ယောက် ဖြစ်သော်လည်း အခြားသူများနှင့် မတူညီသည့် အိုင်ဒီယာဖြင့် ရိုက် ကူးနိုင်သူဖြစ်ကြောင်း ၎င်းက ဆို သည်။ ‘‘ကိုနေမင်းက ၀ါသနာပါ တာ။ ရှုတင်မှာဆိုရင်လည်း မရိုက် ခင် ကင်မရာတွေဘာတွေချိန် အဲဒီလိုနေတယ်။ မချစ်သုဝေ မင်္ဂလာဆောင်တုန်းကလည်း ရိုက်ပေးတယ်။ သန္တာဗိုအခွေမှာ လည်း ရိုက်ပေးတယ်။ သူ့မှာ သူ များနဲ့မတူတဲ့ အိုင်ဒီယာလေးတစ် ခု ရှိတယ်။ မနေ့က သီချင်းဆိုရင် လည်း သူရိုက်ထားတာလေး ကောင်းတယ်’’ဟု ၀ိုင်းစုခိုင်သိန်း က ပြောသည်။ အာဘွားအမ်တီဗီကို စက် တင်ဘာလကုန်တွင် သီချင်းအား လုံးအပြီး ရိုက်ကူးသွားမည်ဖြစ် ပြီး အောက်တိုဘာလကုန် (သို့ မဟုတ်) နိုဝင်ဘာလဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် ကြိုးစားသွားမည် ဟု ၎င်းက ပြောသည်။ ယင်းအမ်တီဗီအတွက် ရိုက် ကူးရန် သီချင်းနှစ်ပုဒ်ကျန်ရှိနေ ပြီး အိပ်မက်လှေသီချင်းကို စက်တင်ဘာ ၂၁ ရက်တွင် ငွေဆောင်၌ သွားရောက်ရိုက်ကူးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ Source : 7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment