၎တန်းလောက် ကတည်းက အနုပညာ ကလေးမော်ဒယ် စလုပ်ခဲ့တဲ့ အေးချမ်းမိုး

အလှမယ် အေးချမ်းမိုးက ရန်ကုန် ဆေးတက္ကသိုလ် (၁) Final Part (1) မှာ တက်ရောက်နေပြီး ကျောင်းစာမေး ပွဲကြောင့် အနုပညာ လှုပ်ရှားမှုတွေ အနေ နဲ့ကြော်ငြာတွေ ပဲရိုက်ဖြစ်နေပါတယ်။ ရှေ့ဆက်ပြီး လည်း အနုပညာ လှုပ်ရှားမှုတွေကို လုပ်ဆောင် သွားမှာဖြစ်ကြောင်း ကို အေးချမ်းမိုးက “အနုပညာ လှုပ်ရှားမှု အနေ နဲ့ ညီမကြော်ငြာ တွေ ရိုက်ဖြစ်နေတယ်။ ပွဲတွေမှာ Presenter လုပ်ပေးဖြစ် နေတယ်။ ကျောင်းတစ်ဖက် နဲ့လုပ်နေ ရတဲ့ အတွက် တချို့ အနုပညာလှုပ် ရှားမှုတွေ၊ ကား ရိုက်တွေကို မလုပ် ဖြစ်ခဲ့ဘူး။ ကြော်ငြာတွေ ကကျတော့ တစ်ရက် စာလောက်နဲ့ ပြီးတာဆို တော့ ဒီလောက်ပဲ လုပ်ဖြစ်ခဲ့တာ။ အရင်တုန်း ကတော့ ကားရိုက်တွေ လာကမ်း လှမ်းတာ ရှိပါတယ်။ ဒါပေမဲ့ ကျောင်းစာမေးပွဲ ကလည်းရှိ သေးတော့ ကျောင်း စာမေးပွဲပြီးမှပဲ စီစဉ်ထားတယ်။ ညီမက ဆေးတက္ကသိုလ် (၁) Final Part (1) မှာ တက်နေ တယ်။ ၁ဝ လပိုင်း ဆိုရင် စာမေးပွဲ ပြီးပြီ။ ကျောင်းပိတ် ထားတဲ့ ၂ လအတွင်း မှာ ကားရိုက်ဖို့ ကမ်းလှမ်း လာရင်တော့ ရိုက်ဖြစ်မယ်။ ညီမက ပညာရေး ပိုင်းရော၊ အနုပညာပိုင်း ကိုပါ ကြိုးစား သွားမှာပါ။ ငယ်ငယ် ကတည်းက အနုပညာနဲ့ ပညာရေးပိုင်း ကိုတွဲပြီးလုပ်လာတာ ဆိုတော့ အခုလည်း ဆေး ကျောင်းတက်ရင်း နဲ့ အနုပညာ အလုပ်တွေကို တတ်နိုင် သလောက် လုပ်သွားမယ်။ ငယ်ငယ်ကတည်းက ကျောင်းက ပွဲတွေမှာ ပါဝင်တယ်။ ၄ တန်းလောက် ကတည်း ကနေစပြီး ကလေး မော်ဒယ် စလုပ်ခဲ့တယ်။ အဲဒီကနေ စလုပ် ခဲ့တာ ၈တန်း၊ ၉တန်း၊ ၁ဝတန်းမှာ ခဏနားခဲ့တယ်။ စာဘက်ကိုပဲ လုပ်ဖြစ်ခဲ့တယ်။ ၁ဝ တန်းပြီး အောင်စာရင်း ထွက်တော့ အနုပညာ အလုပ်ကို ပြန်စပြီး လုပ်ဖြစ်ခဲ့တယ်။ Miss ပြိုင်ပွဲနဲ့ စပြီး ပြန်လှုပ်ရှားဖြစ်ခဲ့တယ်။ ညီမ အတတ်နိုင်ဆုံး ကြိုးစားပြီး အနုပညာ လှုပ်ရှားမှုတွေ ဆက်လုပ် သွားဖို့ရှိပါတယ်” လို့ပြောပြခဲ့ပါတယ်။ သိမ့်သိမ့် Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment