ဒါရိုက်တာညိုမင်းလွင် ဖေ့စ်ဘုတ် မသုံးဖြစ် တော့တဲ့ အကြောင်းရင်း

ဖေ့စ်ဘုတ် လူမှု ကွန်ရက်က တစ်ဆင့် အနုပညာ လုပ်ငန်းများ ပရိသတ်ကို အသိပေးလေ့ ရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင် ကလတ်တလော မှာ ဖေ့စ်ဘုတ် အသုံး မပြုတော့ ဘူး လို့ သိရတာကြောင့် မေးကြည့်တော့.. “ကျွန်တော် ဖေ့စ်ဘုတ်ကို အရင်သုံးတဲ့ အချိန်မှာတုန်း ကလည်း ကျွန်တော့် Personal ကိစ္စထက် အကျိုး ရှိအောင် သုံးခဲ့တယ်လို့ မြင်ပါ တယ်။ ဖေ့စ်ဘုတ် ကနေ သရုပ် ဆောင် ဝါသနာပါတဲ့ သူတွေ လာ Join တဲ့အချိန်မှာ သရုပ်ဆောင် အဖြစ် ခေါ်ပြီး ရိုက်ခဲ့တယ်။ အဲဒီလို ပဲ ဇာတ်ညွှန်း ရေးတာ ဝါသနာ ပါတဲ့ သူမျိုးတွေ ကိုလည်း ဇာတ်ညွှန်းရေး ဆရာ အသစ် တစ်ယောက် အနေနဲ့ ခေါ် ပြီး စကားပြောခဲ့တယ်။ ကျွန်တော့် ဖေ့စ်ဘုတ်ရဲ့ Time Line ကို ပြန် ကြည့်မယ် ဆိုရင် အဓိကက ပရိသတ် နဲ့ ကျွန်တော်နဲ့ ကြားထဲက နွေးထွေးတဲ့ နေရာလေး တစ်ခု လို့မြင်ပြီး သုံးခဲ့တာ ပါ။ ကျွန်တော် ဘာလုပ်လုပ် ပရိသတ် ကို အမြဲတမ်း လည်းပြောပြ ချင်တယ်။ ပြော လည်း ပြောပြခဲ့တယ်။ ပရိသတ် တွေရဲ့ ဝမ်းသာအားရ နဲ့ပြောတဲ့ အသံကိုလည်း ကျွန်တော်ပြန်ပြန် ဖတ်တယ်။ ရှိသမျှ Comment တိုင်း ကိုလည်းဖတ်တယ်။ ကျွန်တော့် ဆီကို ပို့ထားသမျှ Message တိုင်းကို လည်း အမြဲတမ်း ပြန်တယ်။ ဒါပေမဲ့ တဖြည်းဖြည်း နဲ့ တစ်ခု သတိထားမိ လာတာက ကျွန်တော်က တစ်ခုခု လုပ်ဖို့ အတွက် မလုပ် ခင် ပရိသတ် ကို အရင်ဆုံး အသိပေး လိုက်မယ် ဆိုပြီး ဖေ့စ်ဘုတ်မှာ ရေးလိုက်တယ်။ အဲဒါကို ကျွန်တော်က ပြုပြင်မွမ်းမံ ပြီးတော့ အချိန် ယူနေဆဲ ကာလမှာ ပဲ ဆင်တူ ယိုးမှား နောက်ကနေပြီး တော့ ဒီအတိုင်းပဲ နောက်ထပ် တစ်ခု ကို တခြားသော တစ်စုံ တစ်ယောက် က ထပ်လုပ် လာတယ်။ မြန်မာနိုင်ငံ မှာ ဖေ့စ်ဘုတ် သုံးတဲ့ လူဦးရေ နဲ့ ဗီဒီယို ကြည့်တဲ့ လူဦးရေနဲ့ ယှဉ်လိုက် လို့ရှိရင် ဗီဒီယိုကြည့်တဲ့ လူဦးရေ ကို ဒီဘက်က ဖေ့စ်ဘုတ် သုံးတဲ့ လူဦးရေ က မယှဉ်နိုင်သေးဘူး။ ဖေ့စ်ဘုတ် ပေါ်က လူဦးရေ ကတော့ ဒီဟာ သည် ကျွန်တော့် အိုင်ဒီယာ နဲ့ဆင် တယ်။ ကျွန်တော်က စောတယ် လို့ သိကောင်း သိနိုင်တယ်။ ဒါပေမဲ့ မြန်မာ ဗီဒီယို ကြည့်တဲ့ ပရိသတ် ရာခိုင် နှုန်း အများကြီးနဲ့ ကျွန်တော်က နေရင်း ထိုင်ရင်းနဲ့ ဒုတိယဖြစ် သွားတာတွေ ရှိလာတယ်။ အဲဒါက တစ်ကြိမ် တည်းလား ဆိုလည်း မဟုတ် ဘူး။ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် လောက်ပဲ။ ဒီဘက်ခေတ် ဆင်ဆာ လွတ်လပ် ခွင့်ရတဲ့ အချိန်မှာ ကျွန် တော် တအားပြန် ရိုက်ချင် နေတဲ့ ဟိုး ၂ဝဝ၉ ခုနှစ်တုန်း က ကျွန်တော်၊ ထွန်းထွန်း၊ ခိုင်သင်းကြည် တို့နဲ့ ရိုက်ခဲ့ပြီးတော့ ဂျာနယ်တွေမှာ သတင်းတောင်မှ ပိတ်ခံခဲ့ ရဖူးတဲ့ Virus လိုကားမျိုးကို ဒီအချိန်မှာ တခြား တစ်ယောက်က လုပ် သွား တော့ ကျွန်တော်ပြန်ရိုက် လို့ မရတော့ ဘူး။ ကျွန်တော့် အနေနဲ့ တအား နှမြောတယ်။ အဲဒါတွေကြောင့် ဖေ့စ်ဘုတ် မသုံးတာ ကျွန်တော့် အတွက် ပိုအကျိုး ရှိမယ် လို့ မြင်လာ တယ်။ အချိန်ကာလ အတိုင်းအတာ တစ်ခု အထိတော့ ပရိသတ်တွေ အားလုံးကို နှုတ်ဆက်ပါတယ်။ ဘယ် တော့ပြန် သုံးဖြစ်မယ်၊ ဘယ်လိုပုံစံ နဲ့ ပြန်သုံးဖြစ် မယ် ဆိုတာတော့ စဉ်းစား နေတုန်းပါပဲ” လို့ ပြောပါတယ်။ ညို မင်းလွင်က စက်တင်ဘာ ၂၈ ရက် နေ့က သူ့မွေးနေ့ ဖြစ်တာကြောင့် မွေး နေ့မှာ ဘုန်းကြီး ဝတ်ဖို့ အတွက် စဉ်း စားနေတုန်း ပဲဖြစ်ပြီး ဒါရိုက်တာ သက်တမ်း ၁၅နှစ် ပြည့်တဲ့၂ ဝ၁၅ မှာကျ ရောက်မယ့် မွေးနေ့မှာတော့ King of the set ဆိုတဲ့ပွဲကြီး ပြုလုပ် မှာဖြစ် ကြောင်း ပြော ပါတယ်။ ခိုင်ဝေလွငှ်Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment