ဆံပင်ကျွတ်တဲ့ အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် iGrow

iGrow ဆံပင်ကြီးထွားမှုနည်းပညာကို ဆံပင်ကျွတ်တဲ့ အမျိုးသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဆံပင်အရေးအကြောင်း သိသိသာသာဆုံးရှုံးသွားမှုမှအစ အခြေအနေ သိပ်မဆိုးသေးတဲ့ ဆံပင်ကျွတ်ခြင်းအထိ ဘယ်လိုအမျိုးအစားမဆို ကာကွယ်ပေးပါတယ်။ ဦးခေါင်းအလယ်အလတ်လောက်ကနေ ကွက်ပြီး ပြောင်ထွက်နေတဲ့သူတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။
အဲဒီစက်မှာ ခန္ဓာကိုယ်ခွဲစိတ်စရာမလိုပဲ (Low-Level Laser Therapy LLLT) ခေါ် အပျော့စားလေဆာကုထုံး အသုံးပြုထားပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ဆံပင်မွှေးတွေ သန်မာစေပြီး မွေးညင်ပေါက်တွေ နုပျိုလာအောင်လည်း စွမ်းဆောင်ပေးပါတယ်။ iGrow ကို တစ်ပတ် ၃ ရက်ကနေ ၄ ရက်အထိ အဆက်မပြတ် အသုံးပြုခြင်းဖြင့် ၁၆- ၂၄ ပတ်အတွင်းမှာ တဖြည်းဖြည်းချင်း ကြီးထွားလာမှာ ဖြစ်တယ်လို့ ၎င်းစက်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
iGrow နဲ့ စမ်းသပ်ကုသမှုတွေမှာ တစ်ခါလုပ်တိုင်းလုပ်တိုင်း ဆံပင်ကြီးထွားမှု ၃၉% ရာခိုင်နှုန်းရရှိကြောင်း အာမခံချက်ပေးထားပါတယ်။
iGrow စက်ရိကိယာကို အွန်လိုင်းမှတဆင့် မှာယူနိုင်ပြီး ဒေါ်လာ ၆၉၅ ဈေးနှုန်းနဲ့ လက်လီဝယ်ယူနိုင်ပါတယ်။
Source: yahoo
Victor.PaaTung
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment