ယခုခေတ် ရုပ်ရှင် ဇာတ်ကားတွေရဲ့ ပြောင်းလဲလာမှုတွေ အကြောင်း ပြောပြတဲ့ လွင်မိုး

အခုနှစ် အကယ်ဒမီ ပေးပွဲက အနုပညာရှင်တွေမှ ပြန်ပြီးရွေးချယ် တဲ့ပွဲ ဖြစ်တာမို့ ဒါဟာ အကယ်ဒမီ သမိုင်းရဲ့ ပြောင်းလဲမှု တစ် ခုပဲဖြစ် ကြောင်း လွင်မိုးက ပြောပါတယ်။ လွင်မိုးက အကယ်ဒမီ ထူးချွန်ဆု ဇာတ်ကား ရွေးချယ်ရေး နောက်ဆုံး အဆင့် ရွေးချယ်ရေး အဖွဲ့မှာ ပါဝင် အကဲဖြတ်ပေး ရတဲ့ အဖွဲ့ဝင်တစ်ဦး လည်း ဖြစ်ပါတယ်။ “အမှန်အတိုင်း ပြောရရင် အစ်ကို ရုပ်ရှင် မကြည့်ဖြစ်တာ တော်တော် ကြာသွားပြီ။ ဒါပေမဲ့ အစ်ကို ကြည့်တဲ့ အချိန်မှာ ကြိုက်တယ်။ ကြိုက်တယ်ဆို တာက အခု ကခေတ်တွေ တအားကွာ သွားပြီ။ အစ်ကိုရဲ့ သမိုင်းကြောင်း တစ်လျှောက် မှာ ဒီဗီဒီကနေ ဖလင် ပြောင်းတဲ့ ဇာတ်ကား တစ်ကားပဲ ရိုက် ခဲ့ဖူးတယ်။ သူငယ်ချင်းယောက္ခမ ဇာတ် ကားပါ။ ကျန်တာတွေ အကုန်လုံးက ဖလင်နဲ့ ပဲ ရိုက်လာ ခဲ့ရတာ။ ဒီနေ့ပြန် ကြည့်တဲ့ အခါ အသံနဲ့ ရုပ်တအား ကောင်းတယ်။ ကွာလတီ ကြည်နေတာ ပဲ။ အရင် တုန်းက ဆိုရင် ရုပ်ရှင်ကား အကယ်ဒမီ သာရသွားတယ် ကိုယ်တို့ ပါးစပ်နဲ့ ကိုယ်တို့အသံက လွဲနေတဲ့ အခန်းတွေပါတယ်။ အခုကြည့်တဲ့ အခါမှာ အားသာချက် တစ်ခုက အရုပ် နဲ့ အသံ တအားကောင်းတယ်။ ရုပ်ရှင် လောကက ပြောင်းလဲနေပြီ။ ကြိုးစား အားထုတ်မှုတွေက တော်တော်ကောင်း တာပဲ ဆိုပြီး တော်တော်လေးကို ဝမ်း သာ ပီတိဖြစ်မိပါတယ်”လို့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေ အကဲဖြတ် ကြည့်ရှုရင်း ရုပ်ရှင်ဇာတ် ကားတွေ နဲ့ ပတ်သက်လို့ ပြောင်းလဲ လာမှုတွေကို လွင်မိုး က ပြောပါတယ်။ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေ ထဲမှာ ဟာသဇာတ် ကား တစ်ကားလည်း ပါဝင်ပြီး ဟာသ ကားကိုလည်း တကယ် အနု ပညာ ပြောင်မြောက်ရင် အကယ်ဒမီပေး သင့်တယ် ဆိုတာ သူ့အနေနဲ့ လက်ခံ ကြောင်း လွင်မိုးက ပြောပါတယ်။ “ကိုယ့်ရဲ့ အတွေ့အကြုံအရ ဟာသကားကို ရွေးချယ်ဖို့ ဆိုရင်တော့ ဟာသကား အတွက် ရွေးချယ်ရမယ့် နည်းလမ်းတွေ၊ စည်းမျဉ်းတွေ ဘောင် တွေတော့ အရင်ကြို ပြီးတော့ စဉ်း စားထာရင်း ပိုကောင်းတယ်။ ဟာသ ကားကို တကယ်ကောင်းရင် ပေးသင့် တယ်ဆိုတာ လက်ခံတယ်။ ဟာသက လူတွေကို ရယ်နေပေမယ့် လည်း ဒီသရုပ် ဆောင်က ငိုနေရတဲ့ ဟာသတွေ အများ ကြီးရှိတယ်။ လူတွေ ငိုနေပေမယ့် ဒီ သရုပ်ဆောင် ရယ်နေတဲ့ ဟာတွေ အများကြီး ရှိတယ်” လို့ ဟာသဇာတ် ကားတွေ နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို လွင်မိုးက ပြောပြပါတယ်။ လင်းအက္ခရာ Source : popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment