ထိုင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ အောန်ဆိုင်း

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပွဲတစ်ခုသို့ တက်ရောက်ခဲ့သည့် သရုပ်ဆောင်အော်န်ဆိုင်းက မီဒီယာ အများအပြားနှင့် အင်တာဗျူးဖြေဆိုမှုများ ပြုလုပ်ခဲ့ရကြောင်း ၎င်းကပြောသည်။ ‘‘သတင်းစာရှင်းလင်းပွဲ ရောက်တဲ့အချိန်မှာ ကင်မရာတွေကတော့ ကြောက်စရာကောင်းအောင်များတယ်။ အင်တာဗျူးတွေလည်း အများကြီးဖြေပေးခဲ့ရတယ်’’ဟုအောန်ဆိုင်းကပြော သည်။ ထိုင်းနိုင်ငံမှ အန်တာတိန့်မန့်ကုမ္ပဏီတစ်ခု၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့ရခြင်းဖြစ်ပြီး အင်တာဗျူးများတွင် ၎င်း၏ မော်ဒယ်ဘ၀အပါအ၀င် အကြောင်းအရာတော်တော်များများကို ဖြေပေးခဲ့ရကြောင်း ၎င်းကဆိုသည်။ ယင်းစာနယ်ဇင်းပွဲသို့ ယိုးဒ ယားနိုင်ငံ၏ ထိပ်တန်းမင်းသမီး တစ်ဦးနှင့်အတူတက်ရောက်ခဲ့ ခြင်းဖြစ်ကာ အဆိုပါမင်းသမီးမှာ မယ်စကြာဝဠာထိုင်း(၂၀၁၀)ဖြစ် ပြီး ယခုအချိန်တွင်ထိုင်းနိုင်ငံ၏ Top3၀င် မင်းသမီးတစ်ဦးဖြစ်ကြောင်း ၎င်းကပြောသည်။ ‘‘သူက အောန်ဆိုင်းကို စကားတွေအများကြီးပြောတယ်။ အောန်ဆိုင်းဝတ်တဲ့ဖက်ရှင်ကို မိုက်တယ်။ ဒီဇိုင်နာဘယ်သူလဲ။ အဲဒီလို ရင်းရင်းနှီးနှီးမေးတယ်။ Miss တစ်ယောက်၊ သူတို့နိုင်ငံမှာဆို ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူက ပေါင်းသင်းဆက်ဆံရေး အရမ်း ကောင်းတယ်လို့မြင်တယ်’’ဟု အထက်ပါမင်းသမီးနှင့် ပတ်သက်၍ အောန်ဆိုင်းကပြောသည်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေဖြင့် ပြီးခဲ့သည့် ရက်က MEPတွင် ပြုလုပ်ခဲ့သော ဖက်ရှင်ရှိုး၌ ပါဝင်ခဲ့သလို လက်ခံထားသည့်ကြော်ငြာနှင့် ဓာတ်ပုံများရိုက်ကူးရန် အစီအစဉ်ရှိသည် ဟု ၎င်းကပြောသည်။ Source : 7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment