သင့် ကိုယ်ခံအားကို ပျက်စီးစေနိုင်တဲ့ အရာများ


လက်ကိုမကြာခဏဆေးတယ်၊ နေမကောင်းဖြစ်နေတဲ့ လူတွေနဲ့လည်း နီးနီးကပ်ကပ်နေနေတာ မဟုတ်ပဲ ဘာ့ကြောင့်များ ကိုယ်ခံအားဟာ နည်းနေရပါသလဲ။ တစ်ခုခုဆို ဖျားနာတာ လွယ်ကူနေရတာပါလဲ။ သင့်ကိုယ်ခံအားကို ဖျက်စီးပစ်နိုင်တဲ့ တစ်ချို့အချက်လေးတွေ သိထားသင့်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်နေရခြင်း
ကိုယ့်ဘက်မှ ကြိုတင်ကာကွယ်ထားလို့ မရတဲ့အရာတွေထဲမှ  လေထုညစ်ညမ်းမှုပါဝင်နေပါတယ်။ ကိုယ်သွားမယ့်နေရာက လေထုညစ်ညမ်းတယ်ဆိုတာ ကြိုသိထားရင်တော့ ကိုယ့်ဘက်က ပြင်ဆင်ထားနိုင်ပေမယ့် မသိဘူးဆိုရင်တော့ ဒါဟာ ကိုယ်ခံအားနည်းသွားစေဖို့ အဓိက အကြောင်းရင်းပါပဲ။
၂။တစ်နေ့လုံးနီးပါး ထိုင်ခုံပေါ် ထိုင်အလုပ်လုပ်ရခြင်း
သင့်အလုပ်က ကွန်ပျူတာရှေ့ တစ်နေ့လုံးနီးပါး ထိုင်လုပ်ရတဲ့ အလုပ်ဆိုရင် သင့်ရဲ့အစာခြေနှုန်းဟာ သာမာန်ထက် ပိုနှေးသွားတတ်ပါတယ်။ အဲ့ဒီတော့ ကိုယ်ခံအားအတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရတွေကို သာမာန်ထက် နှေးကွေးစွာ ဆုပ်ယူရတဲ့အတွက် သင့်ရဲ့ ကိုယ်ခံအားကို ပျက်စီးစေတဲ့ သဘောပါ။
၃။မှားယွင်းတဲ့ အလှကုန်တွေ ရွေးချယ်သုံးမိခြင်း
သင်လိမ်းခြယ်နေတဲ့ မိတ်ကပ်၊ ကွန်ဆီလာ၊ နှုတ်ခမ်းနီစတာတွေဟာ အသားပေါ်မှာတင် ရှိနေတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်ရဲ့ စုပ်ယူခြင်းကို ခံရတာပါ။ အဲ့ဒီ့အလှကုန်တွေအားလုံးဟာ သင့်ခန္ဓာကိုယ်အတွက် အဆင်ပြေစေမယ်လို့ ထင်ရင်တော့ မှားမှာပါ။ အဆင်မပြေပဲ သင့်ကိုယ်ခံအား ပျက်စီးသွားစေနိုင်တဲ့ အလှကုန်တွေ အများကြီး ရှိပါတယ်။
၎။သရေစာတွေ အစားများခြင်း
ကွတ်ကီးလိုမျိုး၊ လမ်းမှာအလွယ်တကူ ၀ယ်ယူစားသုံးနိုင်တဲ့ ဆီကြော်မုန့်တွေ၊ အခြား သရေစာလိုဟာမျိုးတွေက သင့်ခန္ဓာထဲက နေထိုင်မကောင်းဖြစ်စေတဲ့ T ဆဲလ် နဲ့ B ဆဲလ်တွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကိုယ်ခံအားကိုလည်း ပျက်စီးစေနိုင်ပါတယ်။
၅။အိပ်ချိန်အပြည့်အ၀မရရှိခြင်း
သင်ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်အပြည့်အ၀ မရရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်ထဲဟာ melatonin ကို ပြည့်ဝစွာ မထုတ်ပေးနိုင်တော့ပါဘူး။ ဒီလိုဆိုရင် ကိုယ်ခံအားကောင်းစေဖို့အတွက် ဘက်တီးရီးယားတွေ ကာကွယ်ပေးမယ့် သွေးဖြူဥဟာလည်း နည်းသွားပါလိမ့်မယ်။ ဒီအချက်ကလည်း သတိထားရမယ့် အချက်ပါ။
၆။အထီးကျန်ဆန်စွာနေရခြင်း
သင်ဟာ နေ့ရက်ပေါင်းများစွာကို တစ်ကိုယ်တည်း ဖြတ်သန်းနေရတယ်ဆိုရင် သင်ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို တစ်ဦးတည်း ရင်ဆိုင်ရတော့မှာပေါ့။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျတတ်တာမျိုးတွေ ဖြစ်တတ်ပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့ဆိုရင် တစ်ကိုယ်တည်း ဘ၀ကိုဖြတ်သန်းရတဲ့သူတွေက ပိုမိုကြာမြင့်တတ်ပါတယ်။ ဒီအရာဟာ ကိုယ်ခံအားနည်းစေတဲ့ အချက်တစ်ခုပါ။
၇။ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ် ဆုံးရှုံးခြင်း
ဝိတ်ချနေတဲ့သူမို့လို့ အဆီဓာတ်ကို ရှောင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငါးကရတဲ့ အဆီဓာတ်တွေ၊ ထောပတ်သီးကရတဲ့ အဆီဓာတ်တွေကို ရှောင်မယ်ဆိုရင်တော့ သင်ဟာကိုယ်ခံအား နည်းပြီး ရောဂါဖြစ်ဖို့ လွယ်ကူပါလိမ့်မယ်။ ဒီတော့ ၀ိတ်မတက်စေပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်ပါတဲ့အစားအစာတွေ စားပေးပါ။
Ref:womenshealthmag.com
 မေသော်
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment