ဒုတိယမြောက် ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ တွင် စရိုက် မည်ဖြစ်ကြောင်း ဒါရိုက်တာ ညိုမင်းလွင်က ပြောသည်။
”မင်းသားကတော့ သေချာနေပြီ ဆိုပေမယ့် မင်းသမီးက ရွေး ချယ်နေ ဆဲဖြစ်တဲ့ အတွက် နှစ်ခုလုံး သေချာမှ ကျွန်တော် ပြောပြ ချင်တယ်” ဟု ညိုမင်းလွင်က ပြောသည်။
ညိုမင်းလွင်က လတ်တလောမှာ ‘တစ်ယောက်တည်း မကြည့် နဲ့’ ရင်ထိပ်သည်းဖို ဇာတ်လမ်းကို ရိုက်ကူးနေကြောင်း သိရသည်။
”ကျွန်တော် ငယ်ငယ် ကတည်းက ဖတ်ဖူးတဲ့ စာအုပ်တွေ၊ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေကို အခု ကျွန်တော် ဒါရိုက်တာ ဖြစ်တဲ့ အချိန်မှာ ကျွန်တော် ရိုက်တဲ့ ကားတိုင်းပေါ် မှာ ရာနှုန်းပြည့် နီးပါး သက်ရောက် မှု ရှိနေပါတယ်” ဟု ညိုမင်းလွင်က ပြောသည်။
”ဒါရိုက်တာ တိုင်းကတော့ ကိုယ့် ကားကောင်းအောင် စဉ်းစား ရိုက်ကြတာပဲ။ ကျွန်တော် လည်း ကျွန်တော် ကိုယ်တိုင်က ပရိသတ် တစ်ဦး အဖြစ် ဝင်ခံစားပြီး အနုပညာ ကို ဖန်တီးဖြစ်တယ်” ဟု ၄င်းက ဆိုသည်။
”ကျွန်တော် ဒုတိယမြောက် ရုပ်ရှင်ကားမှာ ဘယ်သူ ပါမလဲ။ ဘယ်လို ဇာတ်ကားမျိုး ဖြစ်မလဲ ဆိုတာ ပရိသတ်တွေ ကို အားလုံး စီစဉ်ပြီးမှ အသိပေးမယ်”ဟု ၄င်းက ပြော သည်။
ထူးထူး
Source: Popularmyanmar.com
0 comments:
Post a Comment