ချင်းပြည်နယ်တွင် ကြေးနီစမ်းသပ်တူးဖော်ရန် ကုမ္ပဏီ ၂၄ ခု လျှောက်ထား

ချင်းပြည်နယ်ရှိ မြို့နယ်အချို့ကို Google Earth မှ မြင်တွေ့ရစဉ်
ချင်းပြည်နယ်တွင် ကြေးနီတူးဖော်ထုတ်လုပ်ရန် စမ်းသပ် တိုင်းတာမှုအတွက် ပြည် တွင်းကုမ္ပဏီ ၂၄ ခုစီမံကိန်းလုပ် ငန်းများ လျှောက်ထားကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွင်း ကြေးနီနှင့် ခရိုမိုက်တူးဖော်နိုင်ရေး စမ်းသပ် ရှာဖွေရန် လာရောက်တင်ပြထားပြီး ကန်ပက်လက်မြို့နယ်တွင် အများဆုံး တင်ပြထားကြောင်း ချင်းပြည်နယ်သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဦးကျော်ငြိမ်းက ပြောသည်။
‘‘ဒီကုမ္ပဏီတွေကို စမ်းသပ် ရှာဖွေဖို့အတွက်တော့ အခုချိန်မှာ ခွင့်ပြုပေးမယ်။ တူးဖော်ဖို့က သတ္တုဥပဒေ အတည်ပြုပြီးမှခွင့်ပြုမယ်။ အခု တင်ပြတဲ့ကြေးနီနဲ့ စပ်ဆက်ပစ္စည်း တူးဖော်မယ်။ ခရိုမိုက်ပါမယ်။ ချင်းပြည်နယ်မှာ အဓိကသတ္တုတွေအများအပြားရှိ နေတယ်’’ဟု ၎င်းက ပြောသည်။
ပြည်နယ်အစိုးရက လျှောက် ထားသည့် ကုမ္ပဏီများအတွက် ပြည်နယ်အဆင့်သစ်တော၊ စိုက် ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေး စသည့် ဌာနဆိုင်ရာ ခြောက်ခုမှ ကွင်းဆင်းစစ်ဆေးစေခဲ့သည်။ စမ်းသပ်တိုင်းတာမှုအတွက် ကွင်း ဆင်းစစ်ဆေးမှုများအပေါ်မူတည် ၍ ပြည်နယ်အစိုးရက ပြည်ထောင် စုသတ္တုတွင်းဝန်ကြီးဌာနသို့ ခွင့်ပြု ရန်ထောက်ခံပေးမည်ဖြစ်သည်။ ကြေးနီ တူးဖော်မှုများမှာ အဓိက တင်သွင်းပြီး ကန်ပက်လက်မြို့ နယ်တွင် လျှောက်ထားသည့် ကုမ္ပဏီ ၁၆ ခုရှိကြောင်းဦးကျော် ငြိမ်းကပြောသည်။
လက်ရှိ ချင်းပြည်နယ်အစိုးရ သည် သတ္တုတူးဖော်ခြင်းလုပ်ငန်း ကို အဆောတလျင် လုပ်ကိုင်လို နေကြောင်း ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်အစိုးရကြား သယံ ဇာတခွဲဝေခြင်းဆိုင်ရာများသတ် သတ်မှတ်မှတ် ထွက်ပေါ်လာသည်အထိ စောင့်သင့်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂)ဆလိုင်း ကျဲအိုဘိခ်ထောင်ကပြောသည်။
ထို့ပြင် ခွင့်ပြုရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ထည့်သွင်းမစဉ်းစားသည့် တရုတ် ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီ များကို ခွင့်မပြုသင့်ကြောင်း ၎င်း က ပြောသည်။
လက်ရှိတွင် ပြည်နယ်အစိုးရက  ၂ ရာခိုင်နှုန်းခန့်သာရရှိနေပြီး အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့် ဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၌ သတ္တု တူးဖော်ခြင်း ဆိုင်ရာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရမည့် ဥပဒေများ မရှိသေးသောကြောင့် ယင်းဥပဒေများထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းသင့်ကြောင်း ၎င်းက ပြောသည်။
ချင်းပြည်နယ်အတွင်း ကံ့ကူ ဆံသတ္တု၊ ကြေးနီသတ္တုရိုင်း၊ ခရို မိုက် သတ္တုရိုင်း၊ ထုံးကျောက်၊ နီကယ်သတ္တုရိုင်း၊ သံသတ္တုရိုင်း များကို ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးမြို့များ တွင်တွေ့ရှိနိုင်ကြောင်း သတ္တု တွင်းဝန်ကြီးဌာန၏ တွက်ချက်တိုင်း တာမှုများအရသိရသည်။
ချင်းပြည်နယ်တွင်းတူးဖော် ခွင့်ထပ်မံပြုလုပ်မည့် ကုမ္ပဏီများ အနေဖြင့် အသစ်ထွက်ပေါ်လာ မည့် သတ္တုတွင်း ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စာချုပ်များ ကိုလည်း ယင်းဥပဒေနှင့်အညီ ချုပ်ဆိုမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် တူးဖော်ခွင့်ရကုမ္ပဏီများကို ရပ်ဆိုင်းထားကြောင်း ပြည်နယ် ဝန်ကြီးကပြောသည်။
ထွန်းထွန်းမင်း
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment