မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူနှင့် တွေ့ဆုံခြင်း
ကျောင်းသားများလမ်းပေါ်ထွက်ကာ ကန့်ကွက်ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေကို ပြန် လည်ပြင်ဆင်ခွင့် ဥပဒေကြမ်းတစ်ခုကို အစိုးရ၊ လွှတ်တော်၊ ကျောင်း သားသမဂ္ဂ၊ ဆရာသမဂ္ဂ အပါ အဝင် နိုင်ငံလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှုကွန်ရက်အဖွဲ့ (NNER) အဖွဲ့တို့က ပူးပေါင်းကာ ရေးဆွဲနေပြီဖြစ်သည်။ ပညာရေးတန်း တူ အခွင့်အရေးရရှိမှု အပါအဝင် ပညာရေးအသုံးစရိတ် ၂ဝရာခိုင်နှုန်းအထိ အဆင့်ဆင့် တိုးမြှင့်သွားမှုများပါသောအချက်တို့ဖြင့် ယင်း ဥပဒေကြမ်းသည် လွှတ်တော် သို့ ရောက်ရှိလာမည်ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင် ပေးရန် တောင်းဆိုလာသော ကျောင်းသားတို့သည် အစိုးရနှင့် ညှိနှိုင်းဆွေးနွေး သဘော တူညီမှု ရသော်လည်း သပိတ်ကိုမလှန်ဘဲ နေရာအချို့တို့တွင် ဆက်လက် တည်ရှိနေခြင်း၊ ထွက်ခွာလာခြင်း တို့ ပြုလုပ်နေကြသည်။ ထို့အတွက် ကြောင့် မြန် မာနိုင်ငံ ဆရာများ သမဂ္ဂ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူနှင့် ဆက်သွယ်ကာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
ဆွေးနွေးမှုတွေ လုပ်တုန်းက အစိုး ရဘက် တာဝန်ရှိသူတွေအနေနဲ့ ကျောင်းသားတွေကို သပိတ်လှန် ခိုင်းတာတွေရှိပါတယ်။ ဆွေးနွေးမှု တွေလုပ်ပြီး အ ဆင်ပြေသွားတာ ကိုမြင်တဲ့ ပြည်သူတွေကတော့ ကျောင်းသားတွေ လက်ရှိရောက် နေတဲ့ နေရာမှာပဲ အောင်အောင် မြင်မြင်နဲ့ ပြီးသွားမယ်လို့ ထင်နေ ကြတယ်။ ဒါပေမဲ့ အခု မဟုတ်ဘူး။ ဆက်လက်ချီတက်နေတယ်ဆိုတော့ ဘယ်လို ဖြစ်တာပါလဲ။
ရန်ကုန်ရောက်ရင်သပိတ်လှန် မယ်လို့ ကျောင်းသားတွေက ပြောထားတဲ့အတွက် ရန်ကုန်အထိ ဆက်လက် ချီတက်ကြမှာပါပဲ။ အခုအချိန်က တစ်ဖက်နဲ့တစ်ဖက် အပြည့် အဝ ယုံကြည်မှုမရသေး ဘူး။ စောင့်ကြည့်နေတုန်း ရှိသေး တယ်။ ဘာဖြစ်လို့ စောင့်ကြည့်နေလဲဆိုရင် ဥပဒေက ပြဋ္ဌာန်းလိုက် တိုင်း လိုအပ်ချက်တွေရှိခဲ့လို့ပါ။ ဒါ့ကြောင့် စောင့်ကြည့်မယ်။ စောင့်ကြည့်ရင်းနဲ့ ဆန္ဒပြကြမယ်။ အကယ်၍ လွှတ်တော်ဘက်ကနေ ကျောင်းသားတွေ လိုလားတဲ့ အတိုင်း ဆောင်ရွက်ပေးနိုင်မယ် ဆို လည်း အောင်ပွဲခံတဲ့သဘောနဲ့ ရန်ကုန်ကို ရောက်လာမယ်။ ပြီး တာနဲ့ သပိတ်လှန်မယ်။ အခု ဆန္ဒ ပြမှုက လွှတ်တော်ကို စောင့်ကြည့် နေတဲ့သဘောနဲ့ ဆန္ဒပြနေတယ်။
ရန်ကုန်ရောက်လာရင် ကျောင်း သားသပိတ်တွေနဲ့ရောပြီး ဘေး ပယောဂတွေကြောင့် ပိုမိုရှုပ်ထွေး လာမှာကို ရန်ကုန်လူထုက စိုးရိမ် နေတယ်။ အကြောင်းက တစ်ဖက် နဲ့တစ်ဖက် ပဋိပက္ခဖြစ်ရင် နှိမ်နင်း လာမယ့် နောက်ဆက်တွဲ ဖြစ်ရပ် တွေကိုပါ။
ဟုတ်ပါတယ်။ ရန်ကုန် ပြည် သူတွေ စိုးရိမ်နေသလို ကျွန်တော် တို့လည်း စိုးရိမ်နေပါတယ်။ ဒါ့ အပြင် အခု သပိတ်ကို ခေါင်း ဆောင်နေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးကလည်း လန့်နေတယ်။ အရင်ကတည်းက ပြောထားပြီး သားပါ။ ဘေးပယောဂတွေ ဝင် မလာဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက တာ ဝန်ယူပေးပါ၊ အစိုးရ ကလည်း ဝင်ထိန်းပေးပါလို့ ကျောင်း သားတွေက တောင်းဆိုထားပြီးသားပါ။
အခုဆွေးနွေးမှုတွေကလည်း အဆင် ပြေနေပြီ။ လွှတ်တော်ဘက်က လည်း ဆောင်ရွက်ပေးဖို့ အခြေ အနေတွေလည်း တွေ့နေရတယ်။ ရှုပ်ထွေးလာမှာကိုလည်း စိုးရိမ်နေ တယ်လို့ပြောပြီး ဘာဖြစ်လို့ ရန်ကုန် ကို လာကြတာလဲ။
ကျောင်းသားတွေရဲ့ အဆို အရ ကျောင်းသားသပိတ် လမ်း ကြောင်းကို အပြီးတိုင် ချက်ချင်း ရပ်လိုက်ဖို့ဆိုတဲ့ကိစ္စက ခုချိန်မှာ ခက်ခဲတယ်လို့ သိရပါတယ်။ အစ ကတည်းက ရန်ကုန်ကို ရောက် အောင်ချီတက်ခဲ့မယ်လို့ ဆိုလာ တဲ့အတွက် တစ်ဝက်တစ်ပျက် ကနေ သပိတ်လှန်ဖို့၊ သပိတ်ရပ် လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီ့ အတွက် ကျောင်း သားတွေကိုယ် တိုင်က အစိုးရနဲ့တွေ့တဲ့အခါ သူ တို့သပိတ် မရပ်တာကို နားလည် ပေးပါလို့ ပြောထားပြီးသားပါ။ ကျွန်တော်တို့ အေးအေးချမ်းချမ်းပဲ ဆောင်ရွက်မှာပါ။ ပ ညာရေး ဥပဒေ တစ်ခုကိုပဲ ဇောက်ချပြီး လုပ်မှာပါ။ တခြားမပါပါဘူးလို့ ဆိုထားပြီး သားပါ။ ကျောင်းသားတွေရဲ့ လုပ် ငန်းကအဆင့်ဆင့်ရှိပါတယ်။ ပထမ အဆင့်က အစိုး ရနဲ့ သဘောတူဖို့။ ဒုတိယအဆင့်က ဥပဒေကြမ်းရေး ဆွဲဖို့။ တတိယအဆင့်က အတည် ပြုဖို့။ ဒီကိစ္စတွေ အောင်မြင်ပြီးမှ သပိတ်က ပြီးဆုံးသွားမှာပါ။
အခု ဗကသအဖွဲ့က ကိုကျော်ကိုကိုတို့ ဟောပြောမှုတွေ လုပ်နေတယ်။ သူက ဒီသပိတ်ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ယောက်လား။
သူက ဦးဆောင်ကော်မတီ အဖွဲ့ဝင်ထဲမပါပါဘူး။ ဒီသပိတ်မှာ သပိတ်ခေါင်းဆောင်တွေ မထားထားဘူး။ သို့သော်လည်းပဲ အစည်းအဝေး ကျင်းပစဉ် ကျောင်း သား တွေရဲ့ ဆန္ဒနဲ့ ဦးဆောင်ကော်မတီ ဝင် ၁၅ ဦး ရွေးထားပါတယ်။ အဲဒီ ၁၅ ဦးရဲ့ ဆောင်ရွက်ချက်အတိုင်း ကိုကျော်ကိုကိုတို့ လိုက်လုပ်ရမှာ ပါ။ အဲဒီ လမ်းကြောင်းကနေ ကိုကျော် ကိုကိုတို့ သွေဖည်ပြီး လုပ် လို့မရပါဘူး။
ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံ လုံး အသုံးစရိတ်ရဲ့ ၂ဝရာခိုင်နှုန်း အထိ ဆရာတို့အဖွဲ့က တောင်း ထားတယ်နော်။ ဒီအပေါ် ရရှိဖို့ သိပ်ပြီးတော့ မလွယ်ဘူးလို့လည်း ပညာရှင်အချို့က ခန့်မှန်းထား တယ်။ ဒီအပေါ်မှာ ဘာပြောချင် ပါလဲ။
ကျွန်တော်တို့က ချက်ချင်း လက်ငင်းကြီး ဒီအတိုင်းအသုံးစရိတ် ပေးပါလို့တောင်းဆိုတာမျိုးမဟုတ် ဘူး။ တဖြည်းဖြည်းနဲ့ အဆင့်ဆင့် တိုးသွားပေးဖို့ပဲ တောင်းဆိုတာပါ။ ဒါ ဟာ တစ်ချိန်ချိန် ဖြစ်လာနိုင်ပါ တယ်။
ဟုတ်ကဲ့ ခုလို ဖြေပေးတာကျေးဇူး တင်ပါတယ်။
Source:http://www.popularmyanmar.com

0 comments:
Post a Comment