အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုတွင် လေဆိပ်ဝန်ဆောင်ခ ကျပ် ၁,၀၀၀ တိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဓာတ်ပုံ − နစ်ကီ)
 ရန်ကုန် အပါအဝင် အပြည်ပြည်ဆိုင်ရာလေဆိပ်သုံး ခုတွင် လေဆိပ်ဝန်ဆောင်ခ (Air -port Tax)ကို လာမည့်ဧပြီ၌ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ သတင်းရရှိ သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ တွင် ယခင်က လေဆိပ်ခရီးသည်ဝန်ဆောင်ခ ပြည်တွင်းခရီးသည်တစ်ဦးလျှင် ကျပ် ၁,၀၀၀ ကောက်ခံရာမှ ကျပ် ၂,၀၀၀ သို့ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။ နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် ယခင် အမေရိကန် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာသို့ အသီးသီးတိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
တစ်နိုင်ငံလုံးမှ အပြည်ပြည် ဆိုင်ရာ လေဆိပ် သုံးခုကိုသာ ပြောင်းလဲကောက်ခံခြင်းဖြစ်ပြီး ပြည်တွင်းလေဆိပ်များပါဝင်ခြင်း မရှိသေးချေ။
‘‘လေဆိပ်ဝန်ဆောင်ခတက် မယ်ဆိုရင်တော့ ခရီးသည်တွေ၊ အေးဂျင့်တွေက ပြောတာပေါ့။ ဒါပေမဲ့ သူတို့ကို သေသေချာချာ အသိပေး ပြောပြရမှာပေါ့’’ ဟု MAI လေကြောင်းလိုင်းမှ ဈေး ကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။
ကြိုတင်ရောင်းချထားသော လက်မှတ်များအတွက် လေဆိပ် ဝန်ဆောင်ခကို ထပ်ပေါင်းပေးရ မည်ဖြစ်ပြီး နောက်ပိုင်းရောင်းချ သောလက်မှတ်များကိုမူ ယင်းဝန် ဆောင်ခ ထည့်ပေါင်းရောင်းချရ မည်ဖြစ်သည်။
ပြည်တွင်း အဲကမ္ဘောဇလေ ကြောင်းလိုင်းကလည်း လာမည့် ဧပြီမှ စတင်ကာ လေဆိပ်ခရီး သည်ဝန်ဆောင်ခကို မြန်မာငွေကျပ် ၁,၀၀၀ မှ ၂,၀၀၀ ကျပ်သို့ပြောင်းလဲကောက်ခံမည်ဟု လက် မှတ်ဝယ်ယူသူများအားအသိပေး ကြေညာထားသည်။
ရန်ကုန်လေဆိပ်နှင့်နေပြည် တော်လေဆိပ်ကို အေးရှားဝေါ ကုမ္ပဏီလက်အောက်ရှိ Pioneer ကုမ္ပဏီက တာဝန်ယူဆောင်ရွက် နေပြီး မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်ကို ဂျပန်နိုင်ငံ မစ်ဆူ ဘီရှီကုမ္ပဏီဦးဆောင်သည့်ကုမ္ပ ဏီအုပ်စုက တာဝန်ယူဆောင် ရွက်ခွင့်ရရှိထားသည်။
ခန့်ထက်
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment