ရာသီဥတုအပြောင်းအလဲ မှာ နှုတ်ခမ်းသားခြောက်တာတွေ ကို ကာကွယ်ပေးတဲ့ နှုတ်ခမ်းဆိုး ဖယောင်းတောင့်တွေဟာ နှုတ် ခမ်းအတွက်တင်မက တခြားနေရာတွေမှာ ပါ အသုံးတည့်တာကြောင့် သေသေချာချာ အသုံးချနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
ဖယောင်းတောင့်ကို မျက်ခုံး မွေးတွေ သပ်ရပ်ညီညာနေစေဖို့ အတွက် သုံးနိုင်သလို ဆံပင်တွေ ရှုပ်ရှုပ်ပွပွနဲ့ ကြည့်မကောင်းတဲ့အ ခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ် အောင် ရေ(ဒါမှမဟုတ်)ဂျယ်အစားထိုးသုံးနိုင်ပါတယ်။
အင်္ကျီ၊ ဘောင်းဘီနဲ့ အိတ် တွေ ဇစ်ဆွဲမရဖြစ်နေရင်လည်း ဖယောင်းတောင့်သုံးပြီး ဇစ်လမ်း ကြောင်းချောအောင် ပြန်လုပ်နိုင် ပါတယ်။ လက်သည်းခြေသည်း ပန်းကုံးတွေခြောက်တာတို့၊ လက် စွယ်ပဲ့တာတို့ကိုလည်း ဖယောင်း တောင့်နဲ့ ပွတ်လိုက်ရင် ချောမွတ် စိုပြည်စေပါတယ်။
နောက်ပြီး မတော်တဆပြတ် ရှဒဏ်ရာရရင်လည်း ဖယောင်း တောင့်နဲ့ သုတ်လိမ်းရင် သွေးတိတ်စေပြီး အနာသက်သာစေပါတယ်။ ဖိနပ်အသစ်စီးလို့ ဖိနပ်ပေါက်ရင်လည်း ဖြစ်တဲ့နေရာကို ဖယောင်းဆီသုတ်လိမ်းနိုင်ပါသေးတယ်။
ဖယောင်းတောင့်ကို မျက်ခွံ ပေါ်မှာ အောက်ခံဆေးအဖြစ် သုတ်လိမ်းထားပြီးမှ မိတ်ကပ်လိမ်းမယ် ဆိုရင် တစ်နေကုန်လန်းဆန်းလှပ နေစေတယ်လို့ ဆိုပါတယ်။ ဒါ့အ ပြင် အိမ်မှာ ဖိနပ်တိုက်ဆေးအ လွယ်တကူရှာမရရင်လည်း နှုတ် ခမ်းဆိုးဖယောင်းတောင့်က ဖိနပ် တွေပြောင်လက်စေဖို့ ကူညီနိုင်ပါ တယ်။
အသားအရေ ခြောက်ပြီး ယားယံတယ်ဆိုရင်လည်း နှုတ် ခမ်းဆိုးဖယောင်းနဲ့ သုတ်လိမ်းနိုင် သလို ခြေဖနောင့်ကွဲအက်တာ တွေကိုလည်း သုတ်လိမ်းပေးလို့ရ ပါတယ်။ လက်စွပ်တွေအကြာ ကြီး ၀တ်ထားမိလို့ ချွတ်မရရင် လည်း နှုတ်ခမ်းဆိုးဖယောင်းသုတ် ပြီး ချွတ်ရင် အလွယ်တကူ ချွတ် လို့ရပါတယ်။
Ref: Wellnessbin
Source:7daydaily.com

0 comments:
Post a Comment