ကိုးကန့်တိုက်ပွဲ တရုတ်စစ်သားဟောင်းများ ပါဝင်ဟု ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးပြော


သတင်းဓာတ်ပုံ – မြတ်သူရ၊ ဒီဗွီဘီ
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သားဟောင်းတွေ ပါဝင်သလို (ယူဒဗလျူအက်စ်အေ) ၀တပ်ဖွဲ့ပိုင် လက်နက်စက်ရုံက ထုတ်တဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က  ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဓာတ်ပုံတွေနဲ့တကွ ဦးဆောင်ရှင်းပြသွားတာဖြစ်ပါတယ်။

တရုတ်စစ်သားဟောင်းတွေက စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒအရ မဟုတ်ပေမယ့် အောက်ခြေ အာဏာပိုင်တွေ ကြားမှာ ကိုးကန့်တပ်ဖွဲ့တွေကို ကူညီနေမှုတွေရှိပြီး ကိုးကန့်တပ်က ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးရုံ နဲ့  ဦးဖုန်ကြားရှင် စစ်ရေးကွပ်ကဲမှု လုပ်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဟိုတယ်ပုံကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ပြသသွားပါတယ်။

တရုတ်အစိုးရဘက်ကို လည်း အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး တရားဝင်ပြောဆိုထားတဲ့အကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောပါတယ်။

ဝတပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊  တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောဆိုသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=82594
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment