နိုင်ငံရေး၌ ဘာသာ ရေး ရောစွက်ခြင်းကို လက်မခံလိုကြသော် လည်း နိုင်ငံရေးတွင် ဘာသာရေး ခေါင်းဆောင်များ၏ ပါဝင်ပတ် သက်မှု အခန်းကဏ္ဍကို ဖယ်ရှား ၍ မရနိုင်ကြောင်း သမိုင်းဖြစ်ရပ် များက သက်သေခံလျက်ရှိပါ သည်။
တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံတော်၏ နိုင်ငံရေးအကျပ်အ တည်းကာလများတွင် ဘာသာ ရေးခေါင်းဆောင်များသည် မိမိ တို့ကျရာ အခန်းကဏ္ဍမှ ရွပ်ရွပ် ချွံချွံ ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သမိုင်းစာမျက်နှာများတွင် အ ထင်အရှား တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုကာလ တွင် ဘုရားသားတော် ရဟန်းသံ ဃာများ၏ နိုင်ငံရေး ဦးဆောင်မှု များကို ပြည်သူတို့က အပြည့်အ၀ ထောက်ခံ အားပေးခဲ့ကြောင်း တွေ့ရပါသည်။ ၀ိုင်အမ်ဘီအေ (၁၉၀၆-၁၉၂၀)၊ ဂျီစီဘီအေ (၁၉၂၀-၁၉၃၀) ခေတ်နှင့် မြန် မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာ လများတွင် ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရ စသည့် ရ ဟန်းအာဇာနည်ပုဂ္ဂိုလ်ကြီးများ သည် မလွတ်လပ်သေးသော မြန် မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှု များတွင် ဦးဆောင်မှုအခန်းကဏ္ဍ မှ ပါဝင်ခဲ့သော ဘုရားသားတော် များဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ဆရာတော်ဦးဥတ္တမ၏ ‘‘ကရက် ဒေါက်ထွက်သွား’’ (Cracdock Get Out!) ဟူသော စကားသည် မြန်မာ့သမိုင်းတွင် သမိုင်းဝင် စကားတစ်ခွန်းအဖြစ် မော်ကွန်း ထိုးကျန်ရစ်ခဲ့ပါသည်။ ၁၉၁၈ ပဲ ခူးငလျင်ဒဏ်ကြောင့် ရွှေမော်ဓော စေတီ ထီးတော်မြေခသည်ကို စေတီရင်ပြင်ပေါ်သို့ ဖိနပ်စီးပြီးတက်ရောက်ခဲ့သော အင်္ဂလိပ် ဘုရင်ခံ ကရက်ဒေါက်၏ လုပ်ရပ်ကို သူရိယသတင်းစာမှတစ်ဆင့် ဆောင်းပါးဖြင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အထောက်အထားတစ်ခု ဖြစ်ပါသည်။
ထို့အတူ ဆရာတော် ဦးဝိစာ ရသည်လည်း ဗြိတိသျှအစိုးရကို ဆန့်ကျင်တရားဟောမှုဖြင့် ထောင် ဒဏ်အပြစ်ပေးခံရစဉ်အတွင်း ထောင်ထဲ၌ ၁၆၆ ရက်ကြာ အစာ ငတ်ခံဆန္ဒပြရင်း ပျံလွန်တော်မူခဲ့ ပါသည်။ မြန်မာ့နိုင်ငံရေး၌ ‘‘လိမ္မာ ရစ်ကြပါ’’ ဟူသော ဆရာတော် ၏ ဆုံးမစကားသည် သမိုင်းတွင် မေ့မရနိုင်သော နိုင်ငံရေးသင်ခန်း စာတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ ပါသည်။ ဆရာတော် ဦးဝိစာရ အ ထိမ်းအမှတ်အဖြစ် ဦးဝိစာရလမ်း တွင် အထိမ်းအမှတ် ကျောက် တိုင်စိုက်ထူခဲ့ပြီး ကျောက်တိုင်ဖွင့် ပွဲနေ့တွင် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆ ရာတော်၏ ဂုဏ်ပုဒ်ကို အောက်ပါ အတိုင်း ချီးကျူးမိန့်ကြားခဲ့ကြောင်း တွေ့ရပါသည်။
‘‘...ယခုအခါမှာလည်း ကျွန်ုပ်တို့ ရှေ့လုပ်ငန်းစဉ်များအ တွက် အရှင်ဦးဝိစာရကဲ့သို့ စိတ် ဓာတ်များ မွေးမြူကြဖို့ အလွန်အ ရေးကြီးကြောင်း၊ ယခုအခါ ကျွန်ုပ် တို့ ရရှိထားသည့် လွတ်လပ်ရေး ဆိုသည်မှာ မခိုင်မြဲသေးကြောင်း၊ လွတ်လပ်ရေးခိုင်မြဲရန်မှာ ဤစစ် ကြီးအတွင်း အနိုင်မတိုက်နိုင်သေး သမျှ လွတ်လပ်ရေးအရသာနှင့် တူသော နိဗ္ဗာန်အစစ်ကို မခံစား နိုင်သေးကြောင်း၊ လွတ်လပ်ရေး ကြီးအတွက် အရိုးကြေကြေ၊ အ ရေခန်းခန်း၊ တစ်ယောက်တည်း ကျန်ကျန် အသက်အသေခံကြိုး စားကြမည်ဟု စိတ်နှလုံးတုံးတုံးချ ပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာ နည်အမြုတေစိတ်ဓာတ်ကို ယနေ့ မှစ၍ မွေးမြူကြစေလိုကြောင်း’’ ဟူ၍ ပြောကြားခဲ့ပါသည်။
ယနေ့ခေတ်တွင်လည်း အ မျိုးသား ပညာရေးဥပဒေကို ဆန့် ကျင်သပိတ်မှောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသားသပိတ်ကြီး ပေါ် ပေါက်လျက်ရှိသည်ကို အားလုံး အသိဖြစ်ပါသည်။ ကျောင်းသား သပိတ်ကြီးတွင် ကျောင်းသားများ ၏ ညီညွတ်သော အင်အားကို နိုင်ငံတော်အစိုးရအနေဖြင့် မျက် ကွယ်ပြု၍ မရတော့ပါ။ ကျောင်း သားများ၏ တောင်းဆိုချက် (၁၁) ချက်ကို လိုက်လျောရန် ဆောင် ရွက်ပေးနေကြောင်း တွေ့ရပါ သည်။ သို့ရာတွင် စစ်အစိုးရအုပ် ချုပ်မှု ခေတ်အဆက်ဆက် ကတိ ပျက်ကွက်လေ့ရှိသော အာဏာ ပိုင်တို့၏ အကျင့်ကို သိရှိနေသော ကျောင်းသားများသည် သပိတ် လှန်ရန် မဆုံးဖြတ်ရဲသေးပါ။ ပညာ ရေးဥပဒေကို လွှတ်တော်မှအ တည်ပြုပြီးချိန်အထိ စောင့်ကြည့် နေပါသည်။ ရန်ကုန်အထိ ဆက် လက်ချီတက်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါသည်။ အစိုးရက လည်း ရန်ကုန်နယ်နိမိတ်အတွင်း ချီတက်ခြင်းမပြုရန် သပိတ်မှောက် ကျောင်းသားများအား အသိပေး ကြေညာထားသည်။ အစိုးရ၏ ကြေညာချက်ကို ဆန့်ကျင်ပြီး ဆက်လက်ချီတက်ပါက တရားဥပဒေအရ ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာထားသည်။
ဤသို့ အကျပ်အတည်းဖြစ် နေချိန်တွင် မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် ရဟန်းအာဇာ နည်တစ်ပါးဟု ပြည်သူတို့ အသိ အမှတ်ပြု လေးစားရိုသေမှုကို ရရှိ နေသော သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ သည် သပိတ်မှောက်ကျောင်းသား များအား သမိုင်းဝင်မေတ္တာရပ်ခံ ချက်တစ်စောင် ထုတ်ပြန်လိုက် ကြောင်း တွေ့ရပါသည်။ ဆရာ တော်၏ မေတ္တာရပ်ခံချက် အ ကျဉ်းချုပ်မှာ-
သားတို့ သမီးတို့သည် အ မျိုးသားပညာရေး ဥပဒေအတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲ ၀ိုင်းပေါ်အထိ တွေ့ဆုံဆွေးနွေး ညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရ သဖြင့် ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံ တော်အစိုးရ၊ လွှတ်တော်၊ NNER နှင့် သပိတ်မှောက်ကျောင်းသား တို့၏ တွေ့ဆုံညှိနှိုင်းမှုရလဒ်သည် လည်း ကောင်းမွန်မည်ဟု ယုံ ကြည်ပါကြောင်း၊ မိမိတို့၏ အောင်မြင်မှုကို ဂုဏ်ယူလျက် မိဘဆရာသမားတို့၏ ရင်ခွင်သို့ ပြန်လည်ခိုဝင်ပြီး ပညာရပ်များ ဆက်လက်ဆည်းပူးသင်ကြားကြရန် အထူးမေတ္တာရပ်ခံပါကြောင်းဟူ၍ ပါရှိပါသည်။
သီတဂူဆရာတော် အရှင် ဉာဏိဿရသည် ယခုကျောင်း သားများ အရေးတွင်သာမက ၂၀၀၈ နာဂစ်မုန်တိုင်းသင့် ပြည် သူများအား ကူညီထောက်ပံ့ရေး လှုပ်ရှားမှုများ၊ မလေးရှားနိုင်ငံ ရောက် မြန်မာအလုပ်သမားများ အခက်အခဲကြုံတွေ့စဉ်က မိခင် တိုင်းပြည်သို့ ပြန်လာနိုင်ရေး ကူ ညီသည့် လှုပ်ရှားမှုများ၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ မျိုးရေး၊ ဘာသာရေးပဋိပက္ခများ တွင် စိတ်ရောကိုယ်ပါ တက်ကြွ စွာဖြင့် ပြဿနာများ ပြေလည် ရေးကို တရားရေအေးအမြိုက် ဆေးများ တိုက်ကျွေးဟောပြော ခြင်းဖြင့် ပြည်သူတို့အား မေတ္တာ ရပ်ခံဖြေရှင်းပေးခဲ့ကြောင်း တွေ့ ရပါသည်။ လူအား၊ ငွေအား၊ ပစ္စည်းအား အကူအညီများကို သဒ္ဓါတရားပြင်းပြစွာဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရ ပါသည်။
အထက်ပါ အထောက်အ ထားများအရ ဘုရားသားတော် ရဟန်းတော်များသည် နိုင်ငံ တော်၏ နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်ချိန်များတွင် မိမိတို့ စွမ်းနိုင်သလောက် ပါဝင်ဆောင် ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုး၊ ပြည် သူ့အကျိုးကို ဆောင်ရွက်ခဲ့ ကြောင်း ခိုင်မာသည့် သမိုင်းသက် သေများဖြစ်သည်ဟု ဆိုချင်ပါ သည်။ ဤဆောင်းပါးတွင် အဓိ က တင်ပြလိုသည်မှာ နိုင်ငံရေးအ ကျပ်အတည်း ဖြစ်နေချိန်တွင် ဘု ရားသားတော် ရဟန်းတော်များ အနေဖြင့် မိမိတို့နှင့် မဆိုင်သလို မျက်နှာလွှဲနေခြင်းမရှိဘဲ ကိုယ် စွမ်းဉာဏ်စွမ်းရှိသမျှ တပည့် ဒကာ၊ ဒကာမများနှင့်အတူ ပါဝင် ကူညီဆောင်ရွက်လေ့ရှိကြောင်း တင်ပြလိုရင်းဖြစ်ပါသည်။ သမိုင်း ၀င်ရဟန်းအာဇာနည်များသည် နိုင်ငံရေး မှတ်ကျောက်အတင်ခံ နိုင်သည့် ပုဂ္ဂိုလ်ထူးများဖြစ် ကြောင်း လေးစားစွာ ဂုဏ်ပြုရေး သားတင်ပြလိုက်ပါသည်။
By

0 comments:
Post a Comment