ြ
ကြာသပတေး နေ့ နံနက်ပိုင်း ချန်ပီယံလိဂ်(၁၆) သင်းရှုံးထွက်ပွဲစဉ်များ ပထမအ ကျော့တွင် ရေပန်းစားနေသည့် ရီးရဲလ်က ရှော်လ်ကေးကို အ ဝေးကွင်း၌ နှစ်ဂိုးပြတ် အနိုင် ရခဲ့ပြီး ဘေဆယ်-ပေါ်တိုပွဲမှာ မူ၁-၁ ဂိုးဖြင့် သရေကျခဲ့ကာ အ ငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့ရ သည်။
ရီးရဲလ်သည် ယမန်နှစ်က ဂိုး ပြတ်နိုင်ဖူးသော ရှော်လ်ကေးနှင့် ပြန်တွေ့ခဲ့ခြင်းဖြစ်ပြီး ပွဲစသည် နှင့် ဖိကစားနိုင်သော်လည်း ဒီမက် တီယို၏ ဂျာမန်အသင်းမှာ ကစား ပုံ ကျစ်လျစ်ပြီး ခံစစ်ပိုင်း ကောင်း နေသဖြင့် ဂိုးမရဘဲ ရှိခဲ့သည်။
ရီးရဲလ်အတွက် အဖွင့်ဂိုးကိုကာဗယ်ဂျယ် ဖြတ်တင်ဘောကိုရော်နယ်ဒိုက ခေါင်းတိုက်ယူ သွင်းခဲ့သည်။
ရော်နယ်ဒိုမှာ ထိုဂိုးကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၇၃ ဂိုးရှိလာ ပြီး မက်ဆီ၏ သွင်းဂိုးအများဆုံး စံချိန်ကို မီရန် နှစ်ဂိုးသာ လိုတော့ သည်။
ထို့နောက် ၇၉ မိနစ်တွင် ရီးရဲလ်အတွက် မာဆယ်လိုက ပင် နယ်တီဧရိယာ အစပ်မှ ကန်သွင်း ၍ ဒုတိယဂိုးရခဲ့သည်။
ဆွစ်ဇာလန်တွင် ကစားခဲ့ သာ ဘေဆယ်-ပေါ်တိုပွဲမှာ အိမ် ရှင်ဘေဆယ်က အစောပိုင်း၌ တစ်ဂိုးရခဲ့သော်လည်း ဒုတိယပိုင်း တွင် အငြင်းပွားဖွယ် ပင်နယ်တီကြောင့် သရေဖြစ်ခဲ့ခြင်းဖြစ် သည်။
ထို့နောက် ဒုတိယပိုင်းတွင် ပေါ်တို့ ဖိကစားနိုင်ခဲ့ကာ ၇၉ မိနစ်တွင် ဒန်နီလိုက ပင်နယ်တီသွင်းပြီး ၁-၁ ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။ —Ref: AFP
Source:7daydaily.com

0 comments:
Post a Comment