ပြီးခဲ့သည့်လ လာလီဂါ ပွဲစဉ်တစ်ပွဲတွင် ရော်နယ်ဒိုထံသို့ ဘောလုံးမပေးပို့ခဲ့သဖြင့် ရီးရဲလ် ပရိသတ်အချို့၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မိမိဘောလုံးကစားသည့်ပုံစံကို ပြောင်းလဲသွားမည်မဟုတ်ဟု ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်က ပြောကြားသည်။
ရီးရဲလ် အိမ်ကွင်းတွင် အက် စပန်ညိုကို သုံးဂိုး ဂိုးမရှိဖြင့် နိုင် သောပွဲတွင် ဂါရတ်ဘေးလ်သည် ၎င်း၏ အသင်းဖော်ပေါ်တူဂီ လက်ရွေးစင် ရော်နယ်ဒိုကို ဘောလုံး မပေးဘဲ ၎င်းကိုယ်တိုင်ဂိုးသွင်းယူရန် ကြိုးစားခဲ့သဖြင့် လှောင် ပြောင်ခံခဲ့ရသည်။
ရော်နယ်ဒိုနှင့် အသင်းနည်း ပြအန်ဆယ်လော့တီတို့၏ ထောက်ခံမှုရရှိထားသည့် ဂါရတ်ဘေးလ် က ချန်ပီယံလိဂ်တွင် ရှော်လ်ကေး ကို ၂-၀ ဂိုး ဖြင့် နိုင်သော ပွဲအပြီး ကစားပုံကို လုံးဝပြောင်းလဲသွား မည်မဟုတ်ဟု ပြောသည်။
ထိုအတောအတွင်း မန်စီး တီးကွင်းလယ်လူ ဖရန့်လမ်းပတ် က ဂါရတ်ဘေးလ်မှာ ရီးရဲလ်တွင် အကောင်းဆုံးပုံစံကို ပြန်ရလိုပါ က သဘောအလွန်ကောင်းနေ ခြင်းကို ရပ်တန့်ရမည်ဟု ပြော ကြားလိုက်သည်။
အချို့သော ပွဲများတွင် ဂါ ရတ်ဘေးလ်သည် ရော်နယ်ဒိုကို ဘောလုံးမပေးဘဲ ၎င်းကိုယ်တိုင် ဂိုးသွင်းယူရန် ကြိုးစားသည်ဆို သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရသဖြင့် လမ်းပတ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဘေးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် လာလီဂါပွဲ ၂၀ ကစား ပြီး ၁၀ ဂိုးသွင်းယူထားသည်။ —Ref: Goal
Source:7daydaily.com

0 comments:
Post a Comment