အမျိုးသား ပညာရေး ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် ရောက်

ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်။ Photo: RFA

အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ပြည်သူ့လွှတ်တော်ထံ ရောက်ရှိနေ ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အသိပေးကြေညာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပညာရေးမြှင့်တင်မှုကော်မတီတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်ထံတင်သွင်းဖို့ သူရဦးရွှေမန်းက ဒီနေ့ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

"ရရှိထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင် တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ ပညာရေးမြှင့်တင်မှုကော်မတီတို့က လက်ခံဆောင် ရွက်ပြီး မိမိတို့ရဲ့သုံးသပ်အကြံပြုချက်များကို လွှတ်တော်သို့ သတ်မှတ်ရက်အရောက် တင်ပြမှာဖြစ်ကြောင်းလည်း ထပ်မံအသိပေးလိုပါတယ်"

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်ကော်မတီ နဲ့ ကော်မရှင်ဥက္ကဌတွေဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရှေ့အပတ်ထဲမှာ ပြည်သူ့လွှတ်တော်ထံ တင်ပြနိုင်ဖို့အတွက် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက် ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

"ဒီပညာရေးမြှင့်တင်မှုကော်မတီနဲ့ ဥပဒေကြမ်းကော်မတီတို့က ဒီအစည်းအဝေးပြီးတိုင်းပြီးတိုင်း ဆက်တိုက်ထိုင်ပြီးတော့ ဒါကိုလုပ်ဖို့ပြောတာဒါပဲ၊ နာယကကြီးက ပြီးအောင်တွန်းပြီးလုပ်ခိုင်းနေတယ်၊ လာမယ့်အပတ်တင်နိုင်မယ်လို့ မှန်းထားတာပေါ့နော်၊ ဒါကသူတို့လုပ်ဦးမှာလေ၊ လုပ်ဖို့အတွက်ကို ကော်မတီတွေ ကို အကုန်လုံးပြောတာ ဒါပါပဲ"

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ယောက်က ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ တောင်းဆိုထားတဲ့ ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းကို ရာခိုင်နှုန်းမသတ်မှတ်ဘဲ  ပြင်ဆင်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး


  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment