ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး

ဓါတ်ပုံ - ဈေးဝယ် ဖောက်သည်လုရာမှ ခုတ်ဖြတ်ခံရသော ၀က်သားသည် (ဓါတ်ပုံ- Num Kham News)
မတ်ခ်ျလ ၃၀ ရက် ၂၀၁၅

တရုတ်ပြည် ထုန့်မော(၀်)ဒေသ ရွှေလီမြို့အနီး သျှမ်းလူမျိုးစု အများဆုံးေ နထိုင်သည့် နောင်ငင်းရွာ၌ ၀က်သား ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှု ဖြစ် ပွားခဲ့ကြောင်း ဒေသတွင်း သတင်းမှ စုံစမ်းသိရသည်။

မတ်ခ်ျလ ၂၉ ရက် နံနက်ပိုင်းက နောင်ငင်းရွာဈေးအတွင်း ၀က်သားသည် နှစ်သည်သည် ဈေးဝယ်ဖောက်သည် လုရာမှအချင်းချင်းစကားများပြီး လူသတ်မှုဖြစ်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ လူသတ်မှုတရားခံမှာ ၀က်သားသည် လင်မယား နှစ်ဦးဖြစ်ပြီး အသတ်ခံရသောသူမှာလည်း ၀က်သားသည် မောင်နှမသုံးဦးဖြစ်ကြောင်း ကိုယ်တိုင်မြင် တွေ့ရသူ တရုတ်ပြည်ရောက် နမ့်ခမ်းသားတစ်ဦး ကဆိုသည်။

“ကျနော့်ရှေ့မှာပဲ ဖြစ်တာလေ။ ဟိုးဘက်အသည်ကို ဒီဘက်ကလင် မယားသတ်တာလေ။ သူ့ယောက်ကျားက ရိုက်နှက်ပြီး ဖမ်းဖိထားတယ်။ သူ့မိန်းမက ၀က်သားခုတ် ဓါးနဲ့ ဂုတ်ကို သုံးချက် ခုတ်လိုက်တာ ၊ အဲ့အချိန်မှာ အသတ်ခံရသူရဲ့ ညီက ပြေးလာတယ်။ သူပါတစ်ခါတည်း ခုတ်သတ်ခံ လိုက်ရတယ်။ ပွဲချင်းပြီးဘဲ ” ဟုနမ့်ခမ်းသားကပြောသည်။

ထိုစဉ် မောင် ၂ ဦးအသတ်ခံရမှုကို အနီးမှ ရပ်ကြည့်နေသော အမဖြစ်သူ၏ ခေါင်းနှင့်လည်ပင်းကို ဓါးမဖြင့် ထပ်မံခုတ်ဖြတ်ရာ ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံတွင်ပင် အကြီးအဆုံးအမဖြစ်သူ သေဆုံးသွားကြောင်း သျှမ်းသံတော်ဆင့် အားပြောပြသည်။

ထိုသို့ခုတ်သတ်ကြပြီးနောက် ၀က်သားသည် ယောက်ကျားမှာဆိုင် ကယ်ဖြင့် ထွက်ပြေးကြောင်း၊ လူသတ်သည့် မိန်းမဖြစ်သူကိုဈေးသည်များ ၀ိုင်းဝန်းရိုက် နှက် ဖမ်းချုပ်ထားပြီး တရုတ်ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း၊ နာရီ ၀က်ခန့်အကြာမှသာ ထွက်ပြေးသူယောက်ကျားဖြစ်သူအား အာဏာပိုင် များက ဖမ်းဆီးရမိကြောင်း အခင်း ဖြစ်ပွားမှုအနီး တွင်ရှိသော နောင်ငင်းရွာသား စိုင်းအိုက်ကျော် ကဆိုသည်။

လူသတ်သမားလင်မယားနှစ်ဦးနှင့် အသတ်ခံရသောသူများသည် တရုတ် လူမျိုးများဖြစ်ကြပြီး အသတ်ခံရ ၀က်သားသည် မောင်နှမသုံးဦးမှာ အသက် ၃၀ နှစ်အောက် အိမ်ထောင်မရှိသေးသူလူလွှတ်များဖြစ်ကြကြောင်း ဒေသခံများ ထံသိရသည်။

သျှမ်းသံတော်ဆင့်/ စိုင်းလုံ
https://www.facebook.com/Panglong.burmese








  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး



  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment