
ခန့်စည်သူက ဗီဒီယို ၄ ကား၊ ရုပ်ရှင် ၁ ကားရိုက်ကူး ဖို့ ပြင်ဦးလွင်မှာ ရောက်ရှိနေပါတယ်။ ပြင်ဦးလွင်မှာ အခု ရိုက်နေတဲ့ ကားတွေထဲက “ခင်လေးစိမ်းတယ်” ကားရိုက်ရင်း အမှတ်တရ ပြောတာက “အဲဒီကားမှာ ကိုကင်းကောင်က အိချောပို ရဲ့အစ်ကိုလုပ်ရတာ။ အဲဒီ ကားမှာ ကိုကင်းကောင် တစ်ဆင်းန် ပဲရိုက်ရသေးတယ်။ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တာကြောင့် ဆေးရုံ တင်လိုက်ရတယ်။ အဲဒီတစ်ဆင်းန် ကိုလည်း မဖျက်ပါဘူး။ အမှတ်တရ အနေနဲ့ ထည့်လိုက်တယ်။ ဇာတ်လမ်းကိုပြင်ပြီး ရိုက်ခဲ့ရတာ အမှတ်တရပါ” လို့ ပြောပါ တယ်။ ခန့်စည်သူက အခုရိုက်မယ့် ၅ ကားမှာ ဒရာမာ ၁ ကားပဲပါပြီး ကျန်တဲ့ ၄ ကားက ဟာသကား လို့ပြောပါ တယ်။ ပြောင်းလဲသွားတဲ့ ပြင်ဦးလွင် နဲ့ပတ်သက်ပြီး “အရင်ကတော့ ၂၁ မိုင်က တက်လာရင် စိမ်းစိုနေတာ။ တောတောင်တွေနဲ့ အုံ့ဆိုင်းနေတာ။ မြေတွေက အကွက် ရိုက်ရောင်းတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။ ခန့်စည်သူ အနေနဲ့ မြန်မာ့သမိုင်းမှာ အထင် ကရရှိတဲ့ အရာတွေ ရိုက်ကူးဖို့ စိတ်ကူး ထားတာ ရှိလားမေးတော့ “ဥပမာ- ပျူကိစ္စတွေဆို ကျွန်တော် စိတ်ဝင်စားတယ်။ ရိုက်လည်း ရိုက်ချင်ပါတယ်။ ရိုက်မယ့် ပရိုဂျူဆာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နဲ့ညှိမှပဲရမှာ။ ဌာန ဆိုင်ရာမရရင် လည်း အဆင်မပြေနိုင်ဘူး” လို့ပြောပါတယ်။ ဒီအချိန်ထိ အားပေးတဲ့ ပရိသတ်တွေကြောင့် သူ့အနုပညာ စိတ်ကူး စိတ်သန်းတွေ ဖန်တီးခွင့်ရနေတဲ့ အတွက် ပရိသတ် ကိုလည်း ကျေးဇူးတင်တယ် လို့ ခန့်စည်သူက ပြောကြားခဲ့ ပါတယ်။
Source:popularmyanmar.com
0 comments:
Post a Comment