ဆန်းဆန်းပြားပြား ရောဂါတစ်မျိုးနဲ့ မွေးဖွားခဲ့သူ


၂ နှစ်အရွယ် Violet Pietrok ဆိုသူဟာ frontonasal dysplasia လို့သိရတဲ့  ရှားရှားပါးပါး ရောဂါတစ်မျိုးနဲ့ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ယင်းရောဂါ သူ့မျက်နှာကို ကားထွက်နေစေပြီး မျက်နှာပြုံးဖို့ သို့မဟုတ် အမြင်အာရုံ ပီပီပြင်ပြင်ဖြစ်ဖို့ အခက်တွေ့စေခဲ့ပါတယ်။ ထိုသို့ဖြစ်ပေမယ့် 3-D printing ကုထုံး အသစ်တစ်ခုက  ယင်းပြသနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပြီး အခုဆို Violet တစ်ယောက် အပြုံးမပျက် နေနိုင်ခဲ့ပါပြီ။
ဒီအရာက သူမဘဝနဲ့ လူတွေမြင်တဲ့အမြင်ကို ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်စေလိမ့်မယ်လို့ Violet မိခင်က ဆိုတယ်။ ဆရာဝန်တွေ Violet ဦးခေါင်းကို 3-D print လုပ်ခဲ့တာကြောင့်  ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့ အကောင်းဆုံး နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူငယ်တန်းကျောင်းမတက်မီ ခွဲစိတ်ကုသမှုတွေ Violet ထပ်မံ ခံယူရမှာ ဖြစ်ပေမယ့် အခုတောင် Violet သူ့ကိုယ်သူ အများနဲ့ ခြားနားနေတယ်လို့ မမြင်ကြောင်း မိခင်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။
Ref: Cosmopolitan
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment