အကြမ်းဖက် အဖွဲ့က ဖမ်းဆီးထားတဲ့ ဒတ်ခ်ျလူမျိုး Sjaak Rijke ကို ပြင်သစ် အထူးတပ်ဖွဲ့က ကယ်ထုတ်လာပြီးနောက် တွေ့ရစဉ် (Credit: AFP) |
ဒတ်ခ်ျလူမျိုး အသက် ၅၄ နှစ်အရွယ် Sjaak Rijke ဟာ မာလီနိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ လက်ထဲမှာ သုံးနှစ်ကြာ ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။
ပြင်သစ်အထူးတပ်ဖွဲ့ဟာ ပြင်သစ်ကိုလိုနီနယ်ဖြစ်ခဲ့တဲ့ မာလီနိုင်ငံမှာ Al Qaeda in the Islamic Maghreb ( AQIM) ဆိုတဲ့ အဖွဲ့ကို နှိမ်နင်းမှုလုပ်တုန်း ဘယ်နေရာမှာ ဘယ်အဖွဲ့က ဖမ်းဆီးထား မှန်းတောင် မသိရတဲ့ ဒတ်ခ်ျလူမျိုး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။
အဲဒီလူဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတုန်းက မိသားစုနဲ့အတူ မာလီနိုင်ငံကို အလည်အပတ် သွားတုန်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
သူဟာ နယ်သာလန်နိုင်ငံမှာ ရထား မောင်းသမားအဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။
သူနဲ့အတူ ဆွီဒင်နဲ့ တောင်အာဖရိက နိုင်ငံသားတို့ပါ ဖမ်းဆီးခံခဲ့ရပေမယ့် ကျန်နှစ်ယောက်ရဲ့ ကံကြမ္မာကိုတော့ မသိရသေးဘူးလို့ ဘာဘရာ မီလာက သတင်းပေးပို့ထားပါတယ်။
သုံးနှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပေမယ့်လည်း အဲဒီ ဒတ်ခ်ျ လူမျိုးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေတယ်လို့ သိရပါတယ်။
ပြင်သစ် အထူးတပ်ရဲ့ နှိမ်နင်းမှုအတွင်း စစ်သွေးကြွ နှစ်ဦး သေဆုံးခဲ့ရသလို တချို့ကိုလည်း ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment