
မန်စီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးက လက်ရှိအသင်းသည် သမိုင်းတစ် လျှောက် အကောင်းဆုံးအသင်းဖြစ်ကြောင်း ဟြေကြားခဲ့သည်။ နွေရာသီ အဟြေင်းအရွှေ့တွင် မန်စီးတီးအသင်းသည် စတာလင်းနှင့် ဒီဘရူနေးတို့ကို ခေါ်ယူခဲ့ခြင်းကြောင့် အတောင့်တင်းဆုံး အသင်းအဖြစ် ရောက်ရှိသွားခဲ့သဖြင့် ယာယာတိုရေးက ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးသည် စတာလင်းနှင့် ဒီဘရူနေးတို့ကို ခေါ်ယူရာတွင် ပေါင်သန်း (၁၀၀) အသုံးပြု ခဲ့ရသော်လည်း အသင်းအတွက် မှန်ကန်သည့် ခေါ်ယူမှု ဖြစ်ခဲ့ကြောင်း ယာယာတိုရေးက အားပေး ထောက်ခံခဲ့သည်။ မန်စီးတီးသည် ချန်ပီယံလိဂ်တွင် ဂျူဗင်တပ်စ်၊ ပရီးမီးယားလိဂ်တွင် ၀က်စ်ဟမ်းတို့ကို ရှုံးခဲ့သော်လည်း ကက်ပီတယ်ဝမ်းဖလားတွင် ဆန်းဒါးလန်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ယာယာတိုရေးက ဆန်းဒါးလန်းနှင့်ပွဲတွင် ဒီဘရူနေးသည် တစ်ဂိုးသွင်းပြီး၊ တစ်ဂိုး ဖန်တီးပေခဲ့ကြောင်း၊ စတာလင်းနှင့် အဂွဲရိုတို့မှာလည်း ဂိုးများသွင်းယူပြီး တိုက်စစ်စွမ်းအားကို ပြသခဲ့ကြောင်း၊ မိမိတို့အသင်းသည် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာကြောင်း၊ မိမိတို့အနေဖြင့် အသင်းတိုင်းကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ဟြေကြားခဲ့သည်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment