အနိုင်ရရှိသည့် ခိုးကူးအမှု ကိစ္စ မြန်မာနိုင်ငံ ဂီတအစည်း အရုံး (ဗဟို) စာနယ်ဇင်း ရှင်းလင်း


မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)မှ မန္တလေး ခရိုင် တရားရုံး တရားမကြီးအမှု အမှတ် ၁၈၉/၂ဝ၁၃ ဖြင့် တရားပြိုင် ထွန်းနိုင်ကို ခိုးကူးခွေ  ၃ဝဝဝ သိမ်းဆည်းရ မိခြင်း အပေါ် နစ်နာကြေး ရလိုမှုဖြင့် တရားစွဲဆိုခဲ့ ရာ ၂ဝ၁၄ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် နေ့တွင် တွဲဖက် ခရိုင်တရားသူကြီး (၁)ဦးစိုးစိုးမှ တရားပြိုင် ထွန်းနိုင် အား နစ်နာကြေး ကျပ်သိန်း ၉၃ဝ ပေးလျော်ရန် စီရင်ချက် အမိန့်နှင့် မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) မှ အနိုင်ဒီဂရီ ရရှိခဲ့သော်လည်း တရားရှုံး ထွန်းနိုင်သည် နည်းမျိုးစုံ ဖြင့် ရှောင်တိမ်း လျက် ရှိသည့် အတွက် ၄င်းအား တရားရုံးမှ လူဖမ်းဝရမ်း ထုတ်ဆင့်ခဲ့သော်လည်း ယခုတိုင် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းကို ဇွန်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)တွင် ပြုလုပ် သော မူပိုင်ခွင့် ချိုးဖောက်မှု ကာကွယ်ရေး ကော်မတီ အစည်းအဝေး မှ သိရှိ ရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မူပိုင်ခွင့် ချိုးဖောက် မှု ကာကွယ်ရေး ကော်မတီ အနေ နဲ့ ပြောချင်တာ ကတော့ ကျွန်တော်တို့ ဂီတလောကသားတွေ တော်တော် လေး နစ်နာ ဆုံးရှုံးနေပါပြီ။ ဂီတ လောက က လည်း မြောင်းထဲရောက် နေလို့ အပေါ်ကို မနည်းကို ကြိုးစား ပြီးတွယ်တက်နေရတဲ့ အနေအထား ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော် တို့ဘက်က အနိုင်ရထားတဲ့ ကိစ္စလေး တစ်ခုကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ နဲ့ပြည် သူလူထုအ ပေါင်းကနေ ပြီးတော့ ဝိုင်းဝန်းကိုယ် ချင်းစာနာပြီး အကူအညီပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်”  ဟု
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မူပိုင်ခွင့်ချိုး ဖောက်မှု ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ ဂီတအ စည်းအရုံး(ဗဟို) အလုပ် အမှု ဆောင် တစ်ဦးဖြစ်သူ အဆိုတော် သားစိုးက လည်း “ကျွန်တော်တို့ ဂီတအစည်း အရုံး သက်တမ်းမှာ အရွေးခံရ ကတည်းက ဖမ်းထားတာပါ။ ပြဿ နာပေါင်းစုံ၊ ခြိမ်းခြောက်မှု  မျိုးစုံနဲ့ ကျွန်တော် ကြုံရပါတယ်။ မန္တလေး လာရင် မင်းဒုက္ခရောက် သွားမယ် တို့၊ကျွန်တော့် ရဲ့ ဖေ့စ်ဘုတ်ထဲကို လှမ်းပြီးတော့ မင်း ကောင်းကောင်း မနေချင်ဘူး လားစတဲ့ ခြိမ်းခြောက် မှုတွေ ကြုံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ၃လလောက် က ဒီကနေ အနားယူဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ လည်း မတရားမှုကို ဒီလိုမျိုး ဘာဖြစ်လို့ ငုံ့ခံနေရမလဲ ဆိုတဲ့ စိတ်နဲ့ ဆက်ပြီးတော့ လုပ်ခဲ့ပါတယ်။ ပထမဆုံး ခိုးကူးတွေကို ဖမ်းတဲ့အခါ မှာမိပါတယ်။ တရားမမှုနဲ့ စွဲပါတယ်။ ၂ဝ၁၄မှာ နိုင်ပါ တယ်။ နိုင်ပြီး တဲ့အခါမှာ ဒီဟာကို ဇာရီ စသဖြင့် ဆောင်ရွက်ပါတယ်။ တရားခံ ကို လျော်ကြေးပေးဖို့ အမိန့်ချပါတယ်။ မြန်မာငွေ ကျပ်သိန်း ၉၃ဝ ပြန် ရစေ ပေါ့။ ဒါပေမဲ့ လည်း ဖမ်းပြီးတော့၊ မိပြီးတော့ ၊နိုင်ပြီးတော့ လျော်ကြေး တောင်းမယ်လည်း လုပ်ရော တရားခံ ကထွက်ပြေး သွားပါတယ်။ အဲဒီ တရားခံက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ပါ။ သူဘယ်မှာ ရှိတယ်၊ ဘယ်မှာနေတယ်၊ ဘာလုပ်နေတယ် ဆိုတာ သိပေမယ့် ဘယ်သူမှ မဖမ်း ပေးပါဘူး။ ကျွန်တော် ကိုယ်တိုင် မန္တလေးကို အခေါက်ပေါင်း များစွာ သွားပါတယ်။ ကျွန်တော်တို့ ဂီတ အစည်းအရုံး မှာ တာဝန်နဲ့ ခန့်အပ် ထားတဲ့ အငြိမ်းစား ရဲအရာ ရှိကလည်း အခေါက်ပေါင်း မရေ မ တွက်နိုင် အောင်သွားပါတယ်။ ကုန်ကျစရိတ် တွေလည်း အများကြီး ရှိပါတယ်။ ဘယ်သူမှ အကူအညီ လည်း မပေး ချင်ကြပါဘူး။ ဒီတိုင်းပြည်မှာ ဥပဒေ ကို အလွယ် တကူ ချိုးဖောက်ပြီးတော့ လုပ်ကြပါတယ်။ ဥပဒေအတိုင်းဆောင် ရွက်ဖို့ လုပ်လိုက် ရတာ နှစ် ပေါင်းများ စွာဖြစ်နေပြီ။ အခုထိမရဘူး။ ဘာဖြစ် လို့ပါလဲ”ဟု ဖွင့်ဟ ခဲ့သည်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment