မြန်မာသင်္ဘောသား ၂၀ သေပျောက်နိုင်ဟု ရုရှားမြန်မာသံရုံးပြော


ရုရှားသင်္ဘာနစ်မြုပ်မှုမှာ မြန်မာအယောက် ၂၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး ၂၂ ဦး အသက်ရှင်တယ်လို့  မော်စကို အခြေစိုက်  ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဒီဗွီဘီကို ပြောပါတယ်။

နစ်မြုပ်သွားတဲ့ ပင်လယ်ကူး ငါးဖမ်းသင်္ဘာမှာ  မြန်မာသင်္ဘောသား ၁၃  ဦး အသက်ရှင်တယ်လို့ မြန်မာ သံရုံးကမူလက  သတင်းထုတ်ပြန်ထားပြီး ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက် ဒီဗွီဘီက မော်စကို ကို ဆက်သွယ်မေးမြန်းရာမှာတော့   အသက်ရှုင်သူ မြန်မာသင်္ဘောသား အရေအတွက် ထပ်တိုးလာတာပါ။

မြန်မာသင်္ဘောသားတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ပတ်သက်ပြီး သံရုံးတာဝန်ရှိသူတဦးက  “လောလောဆယ် ကျနော်တို့ကို ရုရှားဘက်က ပို့ထားတဲ့စာရင်းမှာ ၄၂ ယောက်ထဲမှာ  ၂၂ ယောက် အသက်ရှင်တယ်၊ ကျန်တဲ့ ၂၀ က စိစစ်လို့မရသေးဘူး၊ အဲဒီထဲမှာ ၁ ယောက်ကတော့ ဗမာဆိုပြီး စိစစ်လို့ ရတယ်။ အလောင်းရတယ်ဆိုတဲ့သူရဲ့ နာမည်က  မင်းသူရတဲ့။  လောလောဆယ် အလောင်း ဆယ်ယူထားတဲ့အထဲမှာ” လို့ပြောပါတယ်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ မြန်မာသင်္ဘောသား  ၂၂ ယောက်ကို လတ်တလော ကယ်ဆယ်ရေးနေရာမှာပဲ ရုရှားတာဝန်ရှိသူတွေက စောင့်ရှောက်ထားပြီး  ကျန်တဲ့ ၂၀ ကတော့  သေတဲ့အထဲနဲ့ ပျောက်တဲ့အထဲမှာ ရောနေတယ်လို့ မြန်မာသံရုံးက ပြောပါတယ်။

မြန်မာအပါအ၀င် သင်္ဘောသား ၁၃၂ ဦး လိုက်ပါသွားတဲ့    ရုရှားပိုင်   ဒဲလ်နီ ဗော့စ်တော့   “Dalniy Vostok”  ငါးဖမ်းသင်္ဘောဟာ  ဧပြီ ၁ ရက်နေ့ ညပိုင်းက  ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း  Okhotsh Sea  မုဆိုးပင်လယ် ၊ ကမ်ချက်ကာ ကျွန်းဆွယ်မှာ  နစ်မြုပ်သွားခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment