အေဒင်မြို့မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်



ယီမင်နိုင်ငံ ဒုတိယမြို့တော် အေဒင်မြို့ကို ဒေသခံပြည်သူ့စစ်တွေ လက်ကနေ သိမ်းပိုက်နိုင်ဖို့ ဟူသီသူပုန်တွေက ကြိုးစားနေရာမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။

သူပုန်တွေဘက်က အမြောက်တွေနဲ့ ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာနေပြီး အိမ်ခေါင်မိုးတွေပေါ်ကနေ လက်ဖြောင့် သေနတ်သမားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကြဲနေကြောင်း အေဒင်မြို့လေဆိပ်ရှိ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဟူသီသူပုန်တွေအပေါ် သီတင်းတပါတ်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ကြားကပဲ သူပုန်တွေဘက်က ထိုးစစ်ဆင်မှုတွေ ဆက်လုပ်လာနေပြီး ထိခိုက်သေဆုံးသူတွေ တိုးပွားလာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

မတ်လ ၁၉ ရက်ကတည်းက စလို့ ဒဏ်ရာရသူ ၅၅၀ ကျော်လောက်ကို အေဒင်မြို့ဆေးရုံမှာ ဆေးကုသပေးနေရပါတယ်။
နှစ်ဘက်စလုံးက လူနာတွေကို ကုပေးနေရသလို ဒဏ်ရာရသူတွေထဲမှာ အရပ်သားတွေလည်း ပါပါတယ်။ အဓိက ဒဏ်ရာတွေက သေနတ်ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းကနေ ဗုံးကြဲမှုတွေ စလုပ်ပြီးကတည်းက ပေါက်ကွဲမှုကြောင့်ရတဲ့ ဒဏ်ရာတွေနဲ့ လူတွေလည်း ရှိနေပါတယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ ပြောခွင့်ရ အမျိုးသမီးက ပြောသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment