ရုရှား အရှေ့ဘက်ကမ်းလွန်ရှိ Kamchatka ရေလက်ကြားတွင် ရှရှား ငါးဖမ်းသင်္ဘောတစ်စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၅၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေက လောလောဆယ် အတည်ပြု ပြောဆိုခဲ့ပါတယ်။
အအေးခန်း ငါးဖမ်းသင်္ဘောဖြစ်တဲ့ Dalniy Vostok သင်္ဘောပေါ်မှာ လူပေါင်း ၁၃၂ ဦးပါရှိပြီး ၆၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သင်္ဘောနစ်မြုပ်ရာနေရာဟာ အလွန်အေးတဲ့အတွက် သူတို့ အများစုဟာ အအေးဒဏ်ကို ခံစားနေကြရကြောင်း ရှရှားကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ငါးဖမ်းသင်္ဘောပေါ်မှာ ပါလာသူတွေအနက် ၇၈ ဦးက ရှရှားနိုင်ငံသားများဖြစ်ပြီး ကျန်လူများမှာ လတ်ဗီးယား၊ ယူကရိန်း၊ မြန်မာနဲ့ ဗာနူအာတာ နိုင်ငံတို့မှ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ငါးဖမ်းသင်္ဘောဟာ ဧပြီလ ၂ ရက် နံနက် စောစောမှာ Okhotsk ပင်လယ်တွင်း နစ်မြုပ်သွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
သင်္ဘောနစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် ပင်လယ်ထဲမျောနေတဲ့ ရေခဲတုံးနဲ့ တိုက်မိတာဖြစ်နိုင်ကြောင်း ရှရှာကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပြီး သင်္ဘောအင်ဂျင်စက်ခန်းထဲ ရေတွေဝင်လာပြီး ၁၅ မိနစ်အတွင်း သင်္ဘောနစ်မြုပ်သွားခဲ့တယ်လို့ ရှရှား အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ၀န်ကြီးဌာနက ပြောကြားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese

0 comments:
Post a Comment