ဟီလာရီကလင်တန်သည် ထူးချွန်ထက်မြက်သော သမ္မတ ဖြစ်လာနိုင်ကြောင်း အိုဘားမားပြော


ဝါရှင်တန် ဧပြီ ၁၂

ဟီလာရီကလင်တန်အနေဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ပြီး ရွေးချယ်ခံရပါက ထူးချွန်ထက်မြက်သည့် သမ္မတတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သမ္မဘာရက် အိုဘားမားက ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။

ဟီလာရီကလင်တန်သည် ၂ဝဝ၈ ခုနှစ်က ရွေးကောက်ပွဲဝင် သမ္မတလောင်းတစ်ဦးဖြစ်ခဲ့သလို အထွေထွေရွေးကောက်ပွဲတုန်းကလည်း မိမိအား အပြည့် အဝထောက်ခံအားပေးသူတစ်ဦးဖြစ်ကြောင်း၊ ထို့အပြင် ဟီလာရီသည် ထူးချွန်သောအမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးဖြစ်ပြီး မိမိ၏မိတ်ဆွေကောင်းတစ်ဦးလည်း ဖြစ်ကြောင်း၊ ဟီလာရီကလင်တန်သည် ထူးချွန်ထက်မြက်သော သမ္မတတစ်ဦးဖြစ်လာမည်ဟု မိမိယူဆပါကြောင်းဖြင့် အိုဘားမားက ပနားမားထိပ်သီးညီလာခံအပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကလင်တန်သည် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု သို့မဟုတ် အချေအတင် ဆွေးနွေးမှုတစ်စုံတစ်ခုတွင် ၎င်းကိုယ်တိုင် ဆွေးနွေးညှိနှိုင်း နိုင်စွမ်းရှိမည်ဖြစ်ကြောင်း အိုဘားမားက ထပ်မံပြောကြားခဲ့သည်။

အင်န်ဘီစီနယူးစ်နှင့် ဆာဗေးမန်းကီးက ကောက်ယူ ထားသည့် အွန်လိုင်းစစ်တမ်းအရ ဒီမိုကရက်တစ် မဲဆန္ဒရှင် သုံးပုံလျှင် နှစ်ပုံခန့်က ကလင်တန်အား ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းဖြစ်လာမည်ဟု ယူဆကြောင်း သိရသည်။ ဧပြီလအစောပိုင်းက ပြုလုပ်သည့် စစ်တမ်းအရ ဒီမိုကရက်တစ် ၅ဝ ရာခိုင်နှုန်းခန့်က ဟီလာရီကလင်တန်ကို မဲပေးကြမည်ဖြစ်ပြီး ၆၈ ရာခိုင်နှုန်းခန့်က ဟီလာရီကလင်တန်အား ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဖြစ်လာမည်ဟုယူဆကြောင်း လေ့လာတွေ့ရှိရသည်။

အင်န်ဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment