စိတ္တဇ အနုပညာတစ်ခုလို့ အထင်ခံခဲ့ရတဲ့ ပြကွက်တစ်ခု


ကျွန်ုပ်တို့ဟာ ပန်းချီပြခန်းတွေကို သွားလေ့လာတဲ့အခါမှာ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အရာတွေက အစ စိတ္တဇအနုပညာ(abstract art) တစ်ခုလို့ ထင်မှတ်တတ်ကြပါတယ်။ ပါဖောမန့်စ်တိုင်းရဲ့ နောက်မှာ ဖွင့်ဆိုချက် အမျိုးမျိုးရှိပါတယ်။ တစ်ချို့သော ပန်းချီတွေဆိုရင် နားလည်ဖို့အတွက်ပင် ခက်ခဲပါတယ်။
အခုလည်း Twitter အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Jack ဆိုသူဟာ တက္ကဆက်ပြည်နယ် က Dallas ပန်းချီပြတိုက်မှာ ပြုလုပ်တဲ့ ပန်းချီပြပွဲတစ်ခုမှာ ထောင့်တစ်နေရာတွင် သူ့ရဲ့ မျက်မှန်နဲ့ နာရီကို ချထားခဲ့ရာမှ လာရောက် လည်ပတ်သူတွေဟာ စိတ္တဇအနုပညာ ပါဖောမန့်စ် တစ်ခု ထင်မှတ်ပြီး ၀ိုင်းဝန်းကြည့်ရှုခဲ့ကြပါတယ်။
ထို မြင်ကွင်းတွေကိုတော့ Jack က မလှမ်းမကမ်းကနေ မှတ်တမ်းတင်ထားခဲ့ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ ဒါကို စိတ္တဇ အနုပညာ ပြကွက်တစ်ခုလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒီအနုပညာရဲ့ ဖွင့်ဆိုချက်ကို စဉ်းစားခဲ့ကြပါတယ်။ တစ်ကယ်တော့ ဒါဟာ Jack ရဲ့ စိတ်ကူးသက်သက်သာ ဖြစ်ပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment