ရုရှားသင်္ဘော နစ်မြုပ်၊ မြန်မာသင်္ဘောသားများ သေဆုံး


ရုရှားပင်လယ်ကူး ငါးဖမ်းသင်္ဘော နစ်မြုပ်မှုမှာ  မြန်မာသင်္ဘောသားတွေ အပါအ၀င် အနည်းဆုံး  ၅၄ ဦးသေဆုံးပြီး ၁၅ ဦးပျောက်ဆုံးနေတယ်လို့  အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံတကာက သင်္ဘောသား ၁၃၂ ယောက်လိုက်ပါလာတဲ့   ရုရှား ငါးဖမ်းသင်္ဘော  ဒဲလ်နီ ဗော့စ်တော့   “Dalniy Vostok” ဟာ ဧပြီ ၁ ရက်နေ့က  ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk အိုခေါ့ရှ်ပင်လယ် ၊    Kamchatka  ကမ်ချတ်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာပါ။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သုညဒီဂရီလောက် အေးခဲနေတဲ့ ရေထဲကနေ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၄ ဦးရဲ့ အလောင်းတွေ ပြန်တွေ့တယ်လို့ ရုရှား တီအေအက်စ်အက်စ်သတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောပေါ်မှာ ရုရှားသင်္ဘောသား ၇၈ ဦးပါသွားပြီး  မြန်မာ၊ ယူကရိန်း၊ လစ်သူရေးနီးယားနဲ့ ဗာနူအာတူက  သင်္ဘောသား ၅၄ ဦး ပါတယ်လို့ ဆိုပါတယ်။

ဘီဘီစီကမ္ဘာ့သတင်းမှာတော့ မြန်မာသင်္ဘောသား ၄၂ ဦး သင်္ဘောပေါ်ပါသွားတယ်လို့ ရေးပေမယ့် သေဆုံးပျောက်ဆုံးသူတွေထဲမှာ မြန်မာ သင်္ဘောသားဘယ်နှစ်ယောက် ပါဝင်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

ရုရှား  Magellan LLC,ကုမ္ပကီပိုင် သင်္ဘောဟာ အင်ဂျင်စက်ခန်း ရေမြုပ်ပြီး ၁၅ မိနစ်လောက် အကြာမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

လတ်တလော ရေအေးခဲနေပြီး ရေလှိုင်းအမြင့် ၁ မီတာခွဲလောက်ရှိနေတဲ့ သင်္ဘော နစ်မြုပ်ရာနေရာမှာ   သင်္ဘော ၂၆ စီးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment