ခွေးအကောင်ရေ ၁၀၀၀ ကျော်ကို အဆိပ်ခတ် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားဟာ ဒဏ်ငွေ အဖြစ် စတာလင် ပေါင် ၂၀၀ သာပေးဆောင်ခဲ့ရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိတဲ့ DanilaKislitsynဟာ သူ့ရဲ့ အချိန်တော်တော်များများကို ရုရှားနိုင်ငံ အရှေ့တောင်ပိုင်း က Vladivostok မြို့ထဲမှာ ခွေးတွေကို သတ်ဖြတ်ခြင်းနဲ့ ကုန်ဆုံးစေခဲ့တဲ့ သူ တစ်ယောက်ဖြစ်ပါတယ်။
သူဟာ တီဘီရောဂါ ကာကွယ်ရေးနဲ့ စာချုပ်ချုပ်ထားပြီး ဒါဟာခွေးလေခွေးလွင့်တွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။ အခုတစ်ခေါက် ခွေးအကောင် ၁၀၀၀ ကို အဆိပ်ခတ် သတ်ခဲ့ရာမှာတော့ တိရိစ္ဆာန်အရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ DanilaKislitsynကိုသာ အပြစ်တင်ခဲ့ကြပါတယ်။
သူ ခွေးတွေကို သတ်ဖြတ်ခဲ့တဲ့ နည်းလမ်းကတော့ အဆိပ်ခတ်ထားတဲ့ ၀က်အူချောင်းတွေကို ထောင်ခြောက် ဆင်ပြီး ခွေးလေ ခွေးလွင့်တွေ စုစည်းရာနေရာမှာ ကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ အချိန်မှာတော့ ခွေးလေခွေးလွင့်တွေကို သတ်ဖြတ်ရခြင်းမှာ သူ့ရဲ့ တာဝန်ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူဟာ ထိုတာဝန်ကို မစတင်ခင်တုန်းကလည်း စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် တစ်ကယ်တမ်း အမိန့်ချမှတ်ရမှာတော့ စတာလင်ပေါင် ၂၀၀ သာ ပေးဆောင်စေခဲ့တဲ့အပေါ် တိရိစ္ဆာန် အရေး တက်ကြွလှုပ်ရှားသူတွေက အပြစ်တင် ရှုံ့ချခဲ့တယ်လို့ သိရပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
0 comments:
Post a Comment