ခရစ်ယာန် ၁၂ ဦးကို လှေပေါ်ပစ်ချသူ မွတ်စလင်တွေကို ဖမ်းထား

အီတလီနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့် တောင်းလိုသူများ (Credit: AFP) 
 မြေထဲပင်လယ်မှာ ​ခရီးသွားနေတုန်း ​လှေပေါ်မှာ ​အတူတူ ​လိုက်ပါလာတဲ့ ​ခရစ်ယာန် ​၁၂ ​ယောက်ကို ​မွတ်စလင်တွေက ​ပစ်ချခဲ့တယ် ​ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​မွတ်စလင် ​၁၅ ​ယောက်ကို ​အီတလီရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

ဘာသာရေး ​အငြင်းပွားကြရာက ​နိုင်ဂျီးရီးယားနဲ့ ​ဂါနာနိုင်ငံက ​လူ ​၁၂ ​ယောက်ကို ​မွတ်စလင်တွေက ​ပစ်ချခဲ့တာကို ​လှေပေါ် ​လိုက်ပါလာသူတွေက ​ပြောပြခဲ့တဲ့အတွက် ​အီတလီ ​ရဲတွေက ​ဖမ်းဆီးလိုက်တာပါ။

လစ်ဗျားနိုင်ငံကနေ ​ထွက်ခွာလာတဲ့ ​လှေပေါ်မှာ ​လူပေါင်း ​၁၀၅ ​ယောက် ​လိုက်ပါလာတာ ​ဖြစ်ပြီး ​အားလုံးက ​ဥရောပ ​တိုက်မှာ ​ခိုလှုံဖို့ ​လှေတွေနဲ့ ​ပင်လယ်ကို ​ဖြတ်ကျော်နေကြတာ ​ဖြစ်ပါတယ်။

ရေထဲ ​ပစ်ချခံရသူ ​သေဆုံးခဲ့ရပြီး ​တချို့ကိုတော့ ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ​သတင်းပတ်တွေအတွင်း ​လူပေါင်း ​တစ်သောင်းလောက် ​ပင်လယ်ပြင်မှာ ​ဒုက္ခရောက်လို့ ​အီတလီ ​ကမ်းခြေစောင့်တပ်တွေက ​ကယ်တင်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

တခြား ​ဖြစ်ရပ်တစ်ခုမှာတော့ ​ခိုလှုံခွင့် ​တောင်းလိုသူတွေ ​လိုက်ပါလာတဲ့ ​လှေတစ်စင်း ​မတော်တဆမှု ​ဖြစ်ခဲ့ရာက ​၄၁ ​ယောက် ​သေဆုံးသွားပြီလို့လည်း ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

အီတလီနိုင်ငံကို ​ဒီနှစ်အတွင်း ​လှေတွေနဲ့ ​ရောက်ရှိလာသူ ​နှစ်သောင်းလောက်ရှိနေပြီး ​အရင်နှစ်ကနဲ့ ​ယှဉ်ရင် ​ပိုနည်းပါးတယ်လို့ ​သိရပါတယ်။

ဒါပေမဲ့ ​ပင်လယ်ပြင်မှာ ​သေဆုံးမှုနှုန်းကတော့ ​၁၀ ​ဆ ​ပိုများနေတယ်လို့လည်း ​သိရပါတယ်။

အီတလီနိုင်ငံကို ​ခိုလှုံခွင့် ​တောင်းလိုသူတွေ ​တဖွဲဖွဲ ​ဝင်လာနေတဲ့အတွက် ​ဒီဝန်ထုတ် ​ဝန်ပိုးကို ​မျှဝေခံယူကြဖို့ ​အီတလီက ​ဥရောပ ​သမဂ္ဂ ​အီးယူကို ​ပန်ကြားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment