အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင် ဟီလရီ ကလင်တန်ဟာ သမ္မတဟောင်း Bill Clinton ရဲ့ ဇနီးဖြစ်ပါတယ်။ (Credit: AFP) |
နယူးယောက်ဒေးလီး သတင်းအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလရီကလင်တန်က သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်အကြောင်းကို ဒီလာမယ့် တနင်္ဂနွေနေ့မှာ ကြေညာဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဗီဒီယိုနဲ့ လူမှု ကွန်ယက် ဝဘ်ဆိုက်တွေကနေတဆင့် ကြေညာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဟီလရီ ကလင်တန်ဟာ အရင်တစ်ခေါက်မှာ ပြုလုပ်တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းကလည်း ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ပြိုင်ဘက်ဖြစ်သူ ဘာရက် အိုဘားမားက အနိုင်ရရှိပြီးတဲ့နောက် ဟီလရီ ကလင်တန်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တင်မြောက်ခဲ့ပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ဟီလရီကလင်တန်က စီစဉ်နေသလို အတိုက်အခံ ရီပါပလေကန် ပါတီက သမ္မတလောင်း နှစ်ယောက်ကလည်း ဝင်ရောက် အရွေးခံမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment