တမူး ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တမူး ဘေလီကားလမ်းမိုင်တိုင် အမှတ် (ဝ/၄)နှင့် (ဝ/၅)ကြားရှိ ကံကြီးဝ ဘေလီကြိုးဆိုင်းတံတား အမှတ်(၃/၁)သည် ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျိုးကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မွန်းလွဲ ၁ နာရီခန့်တွင် မြို့သစ်မြို့နယ်ဘက်မှ တမူးမြို့ ဘက်သို့ ယာဉ်မောင်း မြင့်ဦး (၃၃)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးမောင်၊ ဦးညိုထွန်း၊ ဦးပေါက်တို့ လိုက်ပါလာကာ စပါးအိတ် ၄ဝဝ (၈ဝဝ တင်း) (စပါးတင်း ၁ဝဝ လျှင် နှစ်တန်နှုန်းဖြင့် ၁၆ တန်) တင် ဆောင်လာသည့် ယာဉ်အမှတ်၊ ၈/က--- ဖူဆို ခေါင်းတို ခြောက်ဘီး အပြာရောင်ယာဉ်မှာ တံတား ခံနိုင်ဝန် (၁၃)တန်ရှိသည့် အရှည် ပေ ၂ဝဝ အကျယ် ၁၂ ပေရှိ ဘေလီ ကြိုးတံတားအား ဖြတ်သန်းမောင်းနှင်စဉ် တံတားအလယ်မှ သံဘောင် ပျဉ်ခင်းအရှည်ပေ ၁ဝဝ ခန့် ကြိုးကျ ပျက်စီးခဲ့ပြီး ဖူဆိုခေါင်းတို ခြောက်ဘီး အပြာရောင်ယာဉ်မှာ တံတားပေါ်မှ ပြုတ်ကျ၍ ယာဉ်မောင်း မြင့်ဦးတွင် ဝဲဘက်နှာဖူး ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ဝဲလက်ကျိုး ဒဏ်ရာရရှိပြီး ယာဉ်ပေါ်ပါ ကိုပေါက်မှာ နှုတ်ခမ်းစုတ်ပြဲ သွေး ထွက်ဒဏ်ရာ၊ မျက်လုံးဖူးရောင် ဒဏ်ရာ၊ နှာခေါင်းသွေးယိုစီး ဝဲမျက်လုံးနာကျင်ဒဏ်ရာ၊ ဦးညိုထွန်းတွင် ဝဲဘက်နံရိုးဒဏ်ရာရရှိသဖြင့် ဒုရဲအုပ်နေမင်းစိုးက ယာဉ်(ပ) ၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ (၂၇၉/၃၃၇/ ၃၃၈)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment