တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံဆိုတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ဒါပေမယ့် ၁.၃ ဘီလီယံသော လူဦးရေကို လုံလောက် ဝလင်အောင် ဘယ်လိုများ ကျွေးမွေးနေလဲဆိုတာ လုံးဝထူးဆန်းတဲ့ အရာပဲဖြစ်ပါတယ်။
တရုတ်ပြည်ဟာ ကမ္ဘာမှာ တတိယမြောက် အကြီးဆုံးနိုင်ငံဆိုပေမယ့် သူ့ရဲ့ကျယ်ပြောလှတဲ့ မြေပိုင်နက်ရဲ့ ၁၃%သာ စိုက်ပျိုးမွေးမြူရေးမြေအဖြစ် အသုံးပြု၍ ရနိုင်ပြီး အဲဒီအချိုးအစားက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကျဉ်းမြောင်းလာပါတယ်။ တစ်ဦးချင်းစီအတွက် စိုက်ပျိုးမြေက ကမ္ဘာတဝှမ်း ပျှမ်းမျှနဲ့တွက်ရင် သုံးပုံတစ်ပုံသာရှိပါတယ်။
တရုတ်နိုင်ငံရဲ့ အချို့ဒေသက ဒေသခံတွေဆို စိုက်ပျိုးရေးကို ရတဲ့နေရာမှာ ရသလို လုပ်နေရပါတယ်။ ကျောက်တုံးကျောက်ဆောင်တွေ တစ်စတစ်စနဲ့ သဲကန္တရဖြစ်လာခြင်းလာ တရုတ်လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်ပါတယ်။
Ref: Xinhua
Source:trend.com.mm
0 comments:
Post a Comment