ကိုယ့်အိမ်မှာတင် အလွယ်တကူ Body Scrub လုပ်ကြည့်ချင်တယ်ဆိုရင်


ကောင်းမွန်တဲ့ ကြေးချွတ်သန့်စင်ခြင်းဆိုတာ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တို့ကို သန့်စင်စေရုံသာမကဘဲ ဆဲလ်အသေတွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည် ခံစားမိနိုင်ပါတယ်။ ရလဒ်ကတော့ လှပပြီး နူးညံ့ချောမွေ့တဲ့ အသားအရေ ကို သဘာဝဆန်ပြီး တောက်ပတဲ့ အရောင်အသွေးနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒီလိုအကျိုးကျေးဇူးတွေရရှိတစ်ခါတစ်ရံ ဆိုင်တွေမှာတွေ့ရတဲ့ body scrub တွေဟာ အလွန်ဈေးကြီးတာကို တွေ့ရမှာပါ။ ဒီတော့ ကိုယ့်အိမ်မှာတင် လုပ်လို့ရနေနိုင်တာကို ဘာကြောင့်များ ဆိုင်တွေမှာပိုက်ဆံသွားဖြုန်းမှာလဲ။ အခုပြောပြမယ့် နည်းလမ်းလေးတွေထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကိုတော့ သင့်အိမ်ရဲ့ မီးဖိုချောင်မှာတင် အလွယ်တကူရှာလို့ ရနိုင်ပါတယ်။
(၁)     moisturizing Cream နဲ့ သကြား
မျက်နှာပေါင်းတင် ကြေးချွတ်နည်းတစ်ခုကတော့ moisturizing cream နဲ့ သကြားအနည်းငယ်ပါ။ moisturizing cream လက်ဖက်ရည်ဇွန်း (၂)ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ရောမွှေပါ။ သကြားတွေ သဲမှုန်ပမာဏလောက် သေးငယ်သွားတဲ့အထိ မွှေပြီးပြီဆိုရင် မျက်လုံးနားတ၀ိုက်ကို ရှောင်ပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံ လှည့်လည်ပြီး ပွတ်လိမ်းပေးပါ။
(၂)     ငှက်ပျောသီးဖြင့် ကိုယ်ခန္ဓာပေါင်းတင်နည်း
          ဒီနည်းလမ်းကလည်း လူသိများတဲ့နည်းလမ်းတစ်ခုပါပဲ။ ပြုလုပ်ရလွယ်ကူရုံတင်မကဘဲ အကျိုးကျေးဇူးလည်း များပြားပါတယ်။ လိုအပ်တာတွေကတော့ ငှက်ပျောသီးမှည့်မှည့်တစ်လုံးရယ်၊ သကြားစားပွဲတင်ဇွန်းတစ်ဇွန်းရယ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်ရယ်ပဲဖြစ်ပါတယ်။ အားလုံးကို သမအောင်ရောမွှေလိုက်ပြီး ရေချိုးခန်းထဲရောက်နေချိန် ခန္ဓာကိုယ်ပေါ်ကို လောင်းချလိုက်ပါ။ တစ်ကိုယ်လုံးအနှံ့ ပွတ်တိုက်နှိပ်နယ်ပေးပြီးနောက်မှာ ရေနွေးနွေးနဲ့ ရေလောင်းချိုးလိုက်ပါ။ အနံ့လည်းအလွန်မွှေးကြိုင်ပြီး ရေချိုးပြီးနောက်မှာတော့ အသစ်ပြန်လည် မွေးဖွားလာသလို ခံစားမှုမျိုး ရနိုင်မှာပါ။
 (၃)     ပင်လယ်ဆား၊ ပျားရည်နဲ့ ရှားစောင်းလပတ်
ပျားရည်ဟာ နူးညံ့မှုကိုပေးစွမ်းနိုင်တဲ့ အစွမ်းထက်ဆေးတစ်လက်ဖြစ်ပြီး လူသိများတဲ့ တစောင်းလပတ်နဲ့ ရောလိုက်ပါမယ်။ spa တော်တော်များများမှာ လုပ်တဲ့နည်းလမ်းနဲ့ တူပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပင်လယ်ဆားတစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်းနှင့် နှစ်ဇွန်း (သို့)သုံးဇွန်း၊ baby oil တစောင်းလပတ် တစ်ခွက်နဲ့တစ်ဝက်တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး ရေချိုးချိန်မှာ ထုံးစံအတိုင်း ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်နှိပ်နယ်ပေးရုံပါပဲ။
အချိန်ကုန် ၊ ငွေကုန်သက်သာပြီး ပိုမိုကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။
Ref:healthierfoods
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment