သမ္မတ ပညာတော်သင်ဆုနဲ့ ထိုက်တန်တယ်လို့ဆိုတဲ့ ဇွန်သဉ္ဇာ


အဖော်အချွတ် မော်ဒယ်တစ်ဦးအနေနဲ့ ဒီဆုနဲ့ မထိုက်တန်ဘူး ဆိုတဲ့ ဝေဖန်တဲ့အသံကို ဇွန်သဉ္ဇာ ဘယ်လိုခံစားမိသလဲ။
ဇွန် Sexy မော်ဒယ်ဖြစ်လို့ သမ္မတ ပညာတော်သင်ဆုနဲ့ မထိုက်တန်ဘူး ပြောကြပါတယ်။ ဒါကသူတို့ အပေါ်ယံအမြင်နဲ့ ကြည့်တာပါ။ ဒီပညာတော်သင်ဆုကို ဇွန်ကိုယ့် အရည်အချင်းနဲ့ ဝင်ပြိုင်ပြီး စာတွေ့မှာ အောင်ခဲ့တာပါ။ ဒီစာမေးပွဲက ကပ်ဖားပြီးအောင်ခဲ့တာမဟုတ်ဘူး။ ဘယ်လိုဖြေခဲ့သလဲဆိုတာ ဖြေဖူးတဲ့ လူတွေသိကြမှာပါ။ လွယ် လွယ်ကူကူနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီ အတွက် ဇွန်ရတာ ထိုက်တန်တယ်လို့မြင်တယ်။ ဝါသနာပါတဲ့ အလုပ်ကသီးသန့်ပဲ။ ပညာရေးက ဘယ်သူ့ အတွက်မဆို အရေးကြီးတယ်။
သမ္မတ ပညာတော်သင်ဆု လူတွေ့ စစ်ဆေးတော့ ပါမယ်လို့ ယုံကြည်လား။ ပါခဲ့ရင် ဘယ်နိုင်ငံကိုသွားပြီး ပညာတော်သင်ချင်ပါသလဲ။
ဧပြီ ၃ ရက်နေ့မှာ တွေ့တယ်။ ခုချိန်အထိ ဘယ်သူ့ကိုမှ အကြောင်းမပြန်သေးဘူး။ ဇွန်ရဲ့ကံတရားပဲ။ ပါခဲ့ရင် ကြိုက်နှစ်သက်တဲ့နိုင်ငံတက်လို့ ရတယ်ပြောပေမယ့် ဇွန်မြန် မာနိုင်ငံမှာပဲ ပြန် လျှောက်မယ်။
မြန်မာနိုင်ငံကို ပြန်ရွေးတာ မြန်မာနိုင်ငံရဲ့ပညာရေး အခြေအနေက အဆင်ပြေတယ် ထင်လို့လား။
မြန်မာနိုင်ငံရဲ့ပညာရေး အခြေအနေက တော်တော် အဆင်မပြေဘူး။ ကျောင်းတက်တုန်းကသင်ခဲ့တဲ့ ပညာတွေ တကယ့်လက်တွေ့ လုပ်ငန်းခွင်ရောက်တဲ့အခါမှာ သုံးလို့မရဘူး။ ကျောင်းမှာပဲ ကျက်ရင်း နဲ့ ကျောင်းပြီးသွားတာ။ လက်တွေ့ သင်ကြားချိန် နည်းတယ်။ တကယ့် လက်တွေ့ကို နားလည်တတ်ကျွမ်းတဲ့ ဆရာ ဆရာမလည်း အရေအတွက် နည်းတယ်။ကိုယ်တွေ ပညာ အရမ်းတော်ပြီး တကယ်တတ်ကျွမ်းပြီး ပရော်ဖက်ရှင်နယ် အင်ဂျင်နီ ယာတွေဖြစ်ဖို့ မထောက်ပံ့ပေးနိုင်ဘူး။ အဖေနဲ့အမေကို အနီးကပ် ပြုစုချင်သလိုအလုပ်ကလည်း ဒီမှာပဲလေ။နောက်တစ်ခုက ဇွန်မြန်မာနိုင်ငံကို ချစ်တယ်။
မဖြစ်မနေ နိုင်ငံခြားမှာပဲ ပညာသွားသင်ရမယ်ဆိုရင် ဘယ်လိုရွေးချယ်မှာလဲ။
မဖြစ်မနေ နိုင်ငံခြားကိုပဲ သွားရမယ်ဆိုရင်တော့ ဇွန်မသွား ဖြစ်ဖို့များမယ်။ မြန်မာမှာရပြီး တက်ခွင့်ရရင် လေးနှစ်မှာ အနုပညာလည်း လုပ်မယ်။ ကျောင်းပြီး လို့ နိုင်ငံတော် အတွက် ရှစ်နှစ်တာဝန်ထမ်းဆောင်ရဦးမယ်လေ။
Popular News
Source:popularnews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment