ရှိရင်းစွဲထက် ပိုမိုသွယ်လျပြီး ရှည်လျားတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ထားသယောင် အားလုံးရဲ့အမြင်ကို လှည့်စားပစ်နိုင်ဖို့


ကိုယ့်ရဲ့ခြေထောက်ကို မသွယ်လျလို့၊ မရှည်လို့ စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေအတွက် သွယ်လျတဲ့ ခြေထောက်မျိုး ပိုင်ဆိုင်ထားသလို အများအမြင်မှာ ဖြစ်စေဖို့ နည်းလေးတွေ ပေးချင်ပါတယ်။ အဲ့ဒါတွေကတော့
၁။high waist လို့ခေါ်တဲ့ ခါးအပေါ်ထိ တက်ဝတ်ရတဲ့ ဘောင်းဘီ၊ စကတ်တွေကို ၀တ်ဆင်ပါ
မိန်းကလေးတော်တော်များများဟာ ဘာ့ကြောင့်များ ဒီလို high wait လို့ ခေါ်တဲ့ ဘောင်းဘီတွေ၊ စကတ်တွေကို နှစ်ခြိုက်ရတာပါလဲ။ တစ်ခုကတော့ ခုနောက်ပိုင်းပေါ်လာတဲ့ ခါးတိုအကျီလေးတွေကြောင့်ပါ။ နောက်တစ်ချက်က ဒီဘောင်းဘီ၊ စကတ်လေးတွေ ၀တ်လိုက်ရင် ခြေတံရှည်သလို ထင်ရတာမို့ အားလုံးအမြင်ကို လှည့်စားနိုင်လို့ပါပဲ။
၂။အနက်ရောင်ဟာ သင်ရွေးချယ်ရမှာ အရောင်ပါ
သင့်ခြေထောက်တွေကို ပိုသွယ်လျပြီး လှချင်တယ်ဆိုရင် အနက်ရောင်နဲ့ ပတ်သက်တဲ့ skinny jean ဘောင်းဘီတေါ ၀တ်သင့်ပါတယ်။ သင်ရွေးချယ်သင့်တဲ့ အရောင်ဟာ အနက်ရောင်ပဲ ဖြစ်နေသင့်ပါတယ်။ သူက ၀တ်လိုက်ရင် လူကို ပိုသွယ်လျသွာတယ်လို့ လူတွေကို ထင်စေမြင်စေပါတယ်။
၃။စကတ်တိုလေးတွေ၊ ဘောင်းဘီတိုလေးတွေ ၀တ်ပါ
ခုပြောနေတာက သိပ်တိုလွန်းတဲ့ ဘောင်းဘီ၊ စကတ်တွေကိုပဲ အချိန်တိုင်း ၀တ်နေဖို့ မဟုတ်ပါဘူး။ ထသွားထလာ၊ အပြင်သွားတဲ့အချိန်မျိုးတွေ၊ ပွဲတစ်ခုခု တက်တဲ့အချိန်မျိုးတွေမှာ အရမ်းကြီးလည်း မတိုတဲ့၊ ပေါင်တစ်ဝက် စကတ်၊ ဘောင်းဘီလေးတွေ ၀တ်လို့ အဆင်ပြေရင် ၀တ်လိုက်ပါ။
၎။ဖိနပ်ထိပ်ချွန်တဲ့ pointed ရှုးလေးတွေ ၀တ်ပါ
သင်က ဖိနပ်အပြားလေးတွေဖြစ်တဲ့ flat တွေ ဒါမှမဟုတ် heelတွေ ၀တ်ရတာကြိုက်တယ်ဆို၇င် အဲ့ဒီဖိနပ်တွေထဲမှာမှ ထိပ်ချွန်လေးတွေ ရွေးဝတ်ပါ။ ဒီဖိနပ်ကလည်း ခြေထောက်ကို ပိုသွယ်သလို ဖြစ်စေပါလိမ့်မယ်။
၅။ခြေထောင်ကို ပြောင်ပြောင်လေး ဖြစ်နေအောင် ဂရုစိုက်ပါ
နိုင်ငံခြားက အနုပညာရှင်တွေရဲ့ ခြေထောက်တွေကလည်း ပြစ်မျိုးမှဲ့မထင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ ဘယ်လိုလုပ်လိုက်ရင် သူတို့ခြေထောက် ပိုကြည့်ကောင်းသွားမယ်ဆိုတာမျိုး သိနေကြပါတယ်။ သင့်ခြေထောက်ကို ပြောင်ပြီးချောနေအောင် လိုးရှင်း၊ moisturizer စတာတွေကို သေချာလိမ်းပေးပါ။
၆။ဒေါင်လိုက်ဖြစ်တဲ့ အစင်းကြောင်းတွေကို ၀တ်ပါ
တကယ်လို့ အစင်းတွေ ၀တ်ချင်နေတယ်ဆိုရင် အလျားလိုက်ထက် ဒေါင်လိုက်ဖြစ်တဲ့ အစင်းကြောင်းကိုသာ ရွေးချယ်ဝတ်ပါ။
Ref:womanitely
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment