ဆစ်ဒနီက မြန်မာ အင်ဂျင်နီယာကျောင်းသား အတန်းထဲမှာ အထူးချွန်ဆုံးဖြစ်ခဲ့


မြန်မာကျောင်းသား သိင်္ဂါအောင်သန်းဟာ အသိပညာကို တောင့်တမှု၊ တီထွင်ဥာဏ်နဲ့ ဇွဲလုံ့လတွေနဲ့အတူ ဆစ်ဒနီကထိပ်တန်းကောလိပ်တစ်ခုဖြစ်တဲ့ UTS:INSEARCH ရဲ့ UTS Foundation Studies ကပေးအပ်တဲ့ Semester 3 ရဲ့ အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Graduate Prize ကို ရရှိခဲ့ပါတယ်။
သာစည်ကကျောင်းသားလေး သိင်္ဂါအောင်သန်းဟာ UTS Foundation Studies အစီအစဉ်မှာ အမှတ်ပြည့်နီးပါးဖြစ်တဲ့ ဆယ်မှတ်ပေးရာမှာ ၉.၇မှတ်အထိ ရရှိပြီး ဒီဆုကို ပြီးခဲ့တဲ့လက အပ်နှင်းခံခဲ့ရတာပါ။ သူဟာ ဆစ်ဒနီ နည်းပညာတက္ကသိုလ် University of Technology. Sydney (UTS) ကို တက်ရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ UTS:INSEARCH ရဲ့ UTS Foundation Studies အစီအစဉ်ကို ပြီးမြောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ဒီကျောင်းတော်ကြီးမှာ အင်ဂျင်နီယာဘွဲ့အတွက် mechanical နဲ့ mechatronic မေဂျာတွေကို အထူးပြုတက်ရောက်သင်ယူနေပါပြီ။
UTS ဟာ Times Higher Education ရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ရာစာရင်းမှာ သက်တမ်းနှစ်ငါးဆယ်အောက် တက္ကသိုလ်တွေအနေနဲ့ သြစတြေးလျမှ နံပါတ်တစ် တစ်ကမ္ဘာလုံးမှာ နံပါတ် ၂၁ ချိတ်ခဲ့ပါတယ်။ လေ့လာသင်ကြားမှု အပိုင်းနဲ့ ပတ်သက်ပြီး သိင်္ဂါအောင်သန်းက သူ့အတွေ့အကြုံတွေကို ဝေမျှသွားပါတယ်။ "UTS:INSEARCH က ကျွန်တော့်ကို တက္ကသိုလ်ကျောင်းသားဘ၀နဲ့ မိတ်ဆက်ပေးပြီး UTS မှာ စာသင်ကြားရတာကို ပိုလွယ်ကူစေပါတယ်။ အထက်တန်းကျောင်းမှာတုန်းက ကျွန်တော် assignments တွေ၊ အွန်လိုင်းကနေ လုပ်ရတာတွေ မလုပ်ဖူးဘူး။ ဒါပေမယ့် ဒီကိုရောက်တဲ့အခါကျတော့ ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲပြီး assignment တွေလုပ်ဖို့စဉ်းစားရတယ်။ ဒါဟာ ဒီမှာမတက်ခင် ကျောင်းသားတွေအတွက် တက္ကသိုလ်အကြောင်း နားလည်ဖို့ အကောင်းဆုံးနည်းပါပဲ။ ကိုယ့်ဘာသာကိုယ် ဆက်လေ့လာတာတွေက ကျွန်တော့်ကို လက်တွေ့လုပ်နိုင်တဲ့ အသိပညာတွေ ရလာစေခဲ့တယ်။ အဲ့ဒီကတစ်ဆင့် ဒီလို အမှတ်တွေကောင်းလာခဲ့တာပါ"လို့ သူက ဆိုပါတယ်။
သိင်္ဂါအောင်သန်းမှာ သူ့အနာဂတ်ကို ဒီလိုပုံဖော်မျှော်လင့်ထားပါတယ်။ "ကျွန်တော်ငယ်ငယ်ကတည်းက သိပ္ပံနဲ့ တီထွင်မှုတွေကို စိတ်ဝင်စားတယ်။ တစ်ခြားကုမ္ပဏီတွေကို ပြန်ရောင်းနိုင်မယ့် နည်းပညာသစ်တွေ တီထွင်ပြီး စီးပွားရေး လုပ်ချင်တယ်။ နည်းပညာကုမ္ပဏီအသစ်တစ်ခုကို ကျွန်တော်တို့ အားလုံးလက်တွ့ဘ၀မှာ အသုံးပြုနိုင်တဲ့ အရာဖြစ်လာအောင် ကြိုးစားချင်တယ်" လို့သူက ဆိုပါတယ်။
သူ့ခြေရာကိုနင်းပြီး  ဆစ်ဒနီက UTS မှာ စာသင်ချင်သူတွေအတွက်လည်း သိင်္ဂါအောင်သန်းက "လူတွေ ၀ိုင်းပြောနေကြတာတွေအတွက် စိတ်မပူပါနဲ့။ ကိုယ့်ကိုယ်ကို အလုပ်နဲ့ သက်သေပြလိုက်ပါ" တဲ့။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment